Romeo

.

.
မင်္ဂလာပါခင်ဗျားးး ခုလိုလာရောက်အားပေးတဲ့အတွက် ရိုမီယို(ရှာဖွေလေ့လာနည်းပညာ)} ဘလော့ဆိုဒ်မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ ကျွန်တော်ဘလော့ဆိုဒ်မှ ပို့စ်များအား မြန်မာ IT နည်းပညာတိုးတက်ရေးအတွက် မည်သူမဆို ပြန်လည်မျှဝေခွင့်ရှိပါတယ်ခင်ဗျား လာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ ညီအစ်ကိုမောင်နှမ အားလုံး ပျော်ရွှင်သောနေ့သစ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ ရန်ကုန် ယုဇနဥယာဉ်မြို့ေ​​​တာ်​​ph09781637230.email.romeo@basicittoshare.com

Hacker နည်းလမ်းများ

Hackerတွေ ပြုလုပ်လေ့ရှိတဲ့ နည်းလမ်းများ
==============================
၁။ကွန်ပျူတာခလုတ်ခုံမှ မှတ်တမ်းရယူခြင်း(Log Keystoke)
------------------
ဒီနည်းကတော့ Key Loggerပရိုဂရမ်တစ်ခုကို အသုံးပြုပြီး ကွန်ပျုတာမှ အသုံးပြုသူရိုက်သမျှစာတွေကို မှတ်ယူတဲ့နည်းဖြစ်ပါတယ်။
၂။စကားဝှက်များ ရယူခြင်း(Hack password)
----------
စကားဝှက်များ ရယူခြင်းနည်း အများအပြားရှိပါတယ်။အသုံးများဆုံးနည်းကတော့SQL injectionနည်းနဲ့ အသုံးပြုသူတွေ စကားဝှက်အပေးအများဆုံးကို ခန့်မှန်းဝင်ရောက်တဲ့နည်းတွေ ဖြစ်ပါတယ်။Dictionary Attack နဲ့ Brute Force Attackဆိုပြီး နှစ်ပိုင်းခွဲခြားနိုင်ပါတယ်။Dictionary Attackဆိုတာ အဘိဓါန်ထဲမှာ ပါဝင်တဲ့ စကားလုံးတွေသွင်းထည့်ရင်း ဝင်ရောက်တဲ့နည်းဖြစ်ပါတယ်။
Brute Force Attack ဆိုတာ Keyboardမှာ ပါဝင်တဲ့ စာလုံးတွေကို ပေါင်းစပ်တိုက်ခိုက်ဝင်ရောက်တဲ့နည်း ဖြစ်ပါတယ်။
၃။ မလွယ်ပေါက်မှ ဝင်ရောက်ခြင်းနည်း(Gain backdoor)
----------------------------
ကွန်ပျူတာရဲ့ အားနည်းချက် ဟာကွက်ကနေ ဝင်ရောက်တဲ့နည်းဖြစ်ပါတယ်။ဒီလို ဝင်ရောက်ရာမှာလည်း Dictionary နဲ့ Brute Force Attack နည်းတွေ သုံးတက်ပါတယ်။
၎။ တစ္ဆေကွန်ယက် ဖန်တီးခြင်းနည်း(Crate bonet computer)
------------------
ဒီနည်းကတော့နိုင်ငံအနှံအပြားက ကွန်ပျူတာတွေကို bonet ကွန်ပျူတာဗိုင်းရပ်စ် ကူးစက်စေပြီး လိုအပ်တဲ့အချိန်ကျမှ သားကောင်ဆာဗာတွေကို တိုက်ခိုက်တဲ့နည်းဖြစ်ပါတယ်။ဒါကို Distribution Deny Of Service Attack (DDOS)လို့ ခေါ်ပါတယ်။DDos ဖန်တီးထားတဲ့ Service တွေကို Hackerတွေဆီက မှောင်ခိုဝယ်ယူနိုင်ပါတယ်။
၅။အီးမေးလ်များမှ ရယူခြင်းနည်း(Phishing)
-------------------
အသုံးပြုသူရဲ့ အီးမေးထဲကို အတုအယောင်စာတွေ ပေးပို့ကာ မိမိလိုအပ်တဲ့ ဆာဗာကိုလာရောက်စေပြီး စကားဝှက်ရယူတဲ့နည်း ဖြစ်ပါတယ်။ဒါ့အပြင် ကွန်ယက်ထဲကနေပြီး အီးမေးလ်တွေကို ကြားဖြတ်ရယူနိုင်တဲ့ နည်းတွေကိုလည်း အသုံးပြုကြပါတယ်။


Credit: သုတပ​ဒေသာ


Leave a Reply

အပေါ်သို့