Romeo

.

.
မင်္ဂလာပါခင်ဗျားးး ခုလိုလာရောက်အားပေးတဲ့အတွက် ရိုမီယို(ရှာဖွေလေ့လာနည်းပညာ)} ဘလော့ဆိုဒ်မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ ကျွန်တော်ဘလော့ဆိုဒ်မှ ပို့စ်များအား မြန်မာ IT နည်းပညာတိုးတက်ရေးအတွက် မည်သူမဆို ပြန်လည်မျှဝေခွင့်ရှိပါတယ်ခင်ဗျား လာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ ညီအစ်ကိုမောင်နှမ အားလုံး ပျော်ရွှင်သောနေ့သစ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ ရန်ကုန် ယုဇနဥယာဉ်မြို့ေ​​​တာ်​​ph09781637230.email.romeo@basicittoshare.com

groupတော်တော်များမှာတွေ့နေရလို့ပါ
wifiကိုဖုန်းနဲ့ဟတ်ပြီးသုံးချင်လို့ပါဆိုပြီးခန
ခနတောင်းနေကြတာတွေ့ရပါတယ်တကယ်
ဖုန်းနဲ့ဟတ်ဖို့ဆိုတာမလွယ်ဘူးဗျကွန်ပျူတာနဲ့
သာဟတ်လို့ရမယ်လိုကျနော်ကိုယ်တိုင်လဲတွေး
ခဲ့မိပါတယ်ဒါပေမယ့်အခုတော့အဆင်ပြေပါပြီ
ရှာတွေ့ခဲ့တာလေးပေါ့ဟတ်စရာမလိုပါဘူး
အခုအောက်မှာပေးထားတဲ့software၂ခု
မှာကြိုက်တာနဲ့သုံးကြည့်ပါကိုယ့်အနီးနားက
wifiရဲ့passwordကိုတခါတည်းပြပေး
တာပါဟတ်စရာမလိုပါဘူးသုံးမယ်ဆိုရင်တော့
ကိုယ့်ရဲ့တည်နေရာlocationကိုတော့ဖွင့်ပေးပါ။၊။။



wifi free apk


wifi map apk



ကျနော်လဲအခုတလောဘာမှကိုမတင်ပေးဖြစ်ဘူးဗျာ
အခုတော့အချိန်ရတုန်းလေးကျနော်ပြုလုပ်ထားတဲ့
browserတင်ပေးလိုက်ပါတယ်သူကတခြား
browserတွေနဲ့မတူပါဘူးကွားခြားချက်တွေရှိ
ပါတယ်လိုင်းအသင့်တင့်ရှိရုံနဲ့လဲသုံးပြုနိုင်ပါတယ်
နောက်တခုကအောက်မှကျနော်ပြထားသလိုမျိုး
ကိုယ်အမြဲဝင်ကြည့်ချင်တဲ့blog.websiteတွေ
ရဲ့လင့်လိပ်စာကိုcopyလေးယူပြီးအပေါင်းဆိုတာ
ပြထားတာကိုနိပ်ပြီးအပေါ်တန်းမှာcopyယူလာတဲ့
linkထည့်ပေးပါအောက်ကြောင်းမှာကိုယ်သတ်မှတ်
ချင်သောနာမည်ရေးထည့်ပြီးokနိုပ်လိုက်ရင်ရသွားပါပြီ
ကိုယ်အတွက်အချိန်ကုန်သက်သာပြီးအလွယ်တကူဘယ်
blog.websiteကိုကြည့်ရှုခွင့်ရတယ်လိုင်းအသင့်တင့်
ရှိရုံနဲ့ပါအသုံးပြုရနေတယ်ဆိုတော့လက်မလွှတ်ဘဲစမ်းသုံး
ကြည့်ပါလို့ဖိတ်ခေါ်ပါတယ်ဒီထဲမှာကျနော်ရဲ့blodsite.
အမေ့သားနည်းပညာblogsite.ဗဟုသုတဟင်းလေးအိုး
လို့ခေါ်လို့ရတဲ့မြန်မာအင်တာနက်စာကြည့်တိုက်blogsite.
တွေကိုကျနော်အစမ်းထည့်ပြပေးထားပါတယ်ကိုယ်ကြိုက်နှစ်သက်ရာတွေလဲထည့်ပြီးအသုံးပြုနိုင်ပါတယ်။။။။










အခုSoftwareကဖုန်းCallဝင်လာရင်
screenမှာတွန်းစရာမလိုတော့ပါဘူး။
ဖုန်းကိုခါလိုက်ရင်အော်တိုကိုင်ပြီးသားပါ
လန်းတာပေါ့နော်စော်ရှေ့မှာဟန်ထုတ်ပြလို့
ရတာပေါ့ဘာညာမဟုတ်ပါဘူးလူရှိန်တာပေါ့ဟီးးးးး။








Pattern Lock ကျနေတဲ့ Sony Xperia ဖုန်းတေကို ဘာ tools မှ မသုံးဘဲ Factory reset ပြန်ချနည်း

Pattern Lock ကျနေတဲ့ Sony Xperia ဖုန်းတေကို ဘာ tools မှ မသုံးဘဲ Factory reset ပြန်ချကြည့်ရအောင် ဒီနည်းက service သမားတောတောများသိကြမှပါ မသိသေတဲ့ user တွေအတွက် တင်ပေးလိုက်တာပါ




အရင်ဆုံ ပုံထဲကလို Lock ကျနေတဲ့ မျက်နှာပြင်အောက်က Emerency Call ကိုနှိပ်ပေးလိုက်ပါ
ပြီရင် *#*#7378423#*#* ကိုရိုက်နှိပ်ပေးလိုက်ပါ
ပြီရင် Customization Settings ကိုရွေးပေးလိုက်ပါ


ပြီရင် Reset customization and reboot ကိုရွေးပေးလိုက်ပါ ဖုန်းက Reboot ကျပြီ ပြန်တက်လာရင်
ပုံမှန်အတိုင် ပြန်လည်အသုံးပြုလို့ရနေပါပြီ

                                                                                Post by SmartGhost

ဖုန်းတလုံးမှာ secreen lockကျလို့မမှတ်မိတော့တဲ့အခါ
 ဆိုင်မှာသွားမပြဘဲ မိမိဘာသာဖြေရှင်ချင်ပါတယ်ဆိုရင်တော့ 
အရင်ဆုံး မိမိဖုန်းကို powerပိတ်လိုက်ပါ ပြီးရင် sim card -sd cardတွေထုတ်ပါ ပြီးတာနဲ့batteryပြန်ထည့် power မဖွင်ပဲ 
power ခလုပ်ရယ် volume+ခလုပ်ရယ်ကိုပြိုင်တာစုံတွဲနှိပ်ပေးပါ
 (ခြွင်း)sansung ဖုန်းတွေဆိုရင်တော့ home keyပါသုံးခုတွဲ
နိပ်ရပါတယ်)အဲ့ဒီမှာ recovery modeထဲရောက်သွားပါမယ်
 ဖုန်း secreenမှာဘာမှနိပ်လို့ရမှာမဟုတ်တော့ပါဘူး ok
 အဲ့ဒီလိုတွေတာနဲ့ volumeခလုပ်နဲ့powerခလုပ်နဲ့ပဲ
အလုပ်လုပ်ရပါမယ် ပေါ်လာတဲ့စာကြောင်းတွေထဲက 
fastory data resetပါတဲ့စာကြောင်းကိုvolume -ခလုပ်နဲ့
ဆင်းပါ ပြီးရင်power ခလုပ်ကို တချက်ကစ်ပေးလိုက်ပါ
 ပြီးရင်ခဏစောင့်ပေးလိုက်ပါ ပြီးတာနဲ့ NOဆိုတဲ့စာကြောင်တွေပေါ်လာပါမယ် အဲ့ထဲမှာyesဆိုတဲ့စာကြောင်းလေးပါပါတယ်
 သူ့ကိုရွေးပေးပြီးpower ခလုပ်နဲ့ကစ်ပေးလိုက်ပါ ပြီးရင်
 rebootကျသွားပါလိမ့်မယ် ပြန်တက်လာရင်တော့
 secreen lockဖြေပြီးပါပြီ အဆင်ပြေပါစေဗျာ။

Credit:Myat KoKo Oo





အခုတင်ပေးတဲ့စာအုပ်ကကျနော်တို့လိုနည်းပညာ
ကိုဝါသနာပါတဲ့သူတွေအတွက်တန်ဖိုးရှိမယ်လို့
မျှော်လင့်ပါတယ်။Mobile Phone Hardware
ပြုပြင်နည်းလိုအပ်တဲ့အသုံးပြုပစ္စည်းတွေကအစ
သေချာရှင်းပြပေးထားပါတယ်။လက်တွေ့သင်တန်း
ကိုအကြောင်းအမျိုးမျိုးကြောင့်မတက်နိုင်တဲ့ကျနော်တို့
လိုလူတွေအတွက်တော့အဖိုးမဖြတ်နိုင်ပါဘူးကျွမ်းကျင်
ပညာရှင်အဆင့်မဖြစ်ခဲ့တောင်ဒီစာအုပ်လေးကျေးဇူး
ကြောင့်လက်တွေ့လေ့ကျင့်ရသလိုမစိမ်းတော့ပါဘူး
ဒီစာအုပ်ကိုရေးသားထားတဲ့ဆရာ"ရဲမင်းအောင်"
ကိုကျေးဇူးအထူးတင်ပါတယ်။

Credit:Lwin Maung Tun









ကျနော်အခုတင်ပေးတဲ့codeကတော့
ကိုယ့်ဘလော့ဆိုဒ်လေးမှာမင်္ဂလာပါအစ
ရှိတဲ့ကိုယ်ရေးချင်တဲ့အကြောင်းအရာလေး
ကိုအော်တိုပြေးနေတာလေးထည့်ချင်တဲ့
သူတွေအတွက်တင်ပေးလိုက်ပါတယ်။
ကိုယ့်ရဲ့ဘလော့ဆိုဒ်လေးလှသွားတာပေါ့
ထည့်ပေးရမှာလဲလွယ်ပါတယ်။
အောက်မှာထည့်ရမဲ့နေရာတွေကျနော်ပြပေးထားပါတယ်


အဆင့် 1  Layoutကိုနိပ်ပါ

အဆင့်  2Add a gadget

အဆင့်  3 HTML/Java Scrpit

ပြီးရင်တော့ကျနော်အခုချပေးထားတဲ့codeတွေကို
copyယူပြီးထည့်ပေးလိုက်ရင်ပြီးပါပြီ။


<div class="widget-content">
<marquee behavior="scoll" bg style="color:#E922FF;"><span style="font-family:zawgyi-one;font-size:180%;"><b>မင်္ဂလာပါခင်ဗျားးး ခုလိုလာရောက်အားပေးတဲ့အတွက် ရိုမီယို(ရှာဖွေလေ့လာနည်းပညာ)}  ဘလော့ဆိုဒ်မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ ကျွန်တော်ဘလော့ဆိုဒ်မှ ပို့စ်များအား မြန်မာ  IT  နည်းပညာတိုးတက်ရေးအတွက် မည်သူမဆို ပြန်လည်မျှဝေခွင့်ရှိပါတယ်ခင်ဗျား လာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ ညီအစ်ကိုမောင်နှမ အားလုံး ပျော်ရွှင်သောနေ့သစ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျားးးးး </b></span></marquee>

</div>

ကျနော်ရေးထားတဲ့စာသားနေရာမှာကိုယ်နှစ်သက်ရာ
စာသားကိုပြန်ရေးထည့်လိုက်ပါ။

သင်ဆရာမြင်ဆရာများကိုဂါရဝပြုပါတယ်။



ဒီဇာတ်လမ်းလေးဟာ အပြင်ကလူပေါင်း သုံးသောင်းကျော်ရဲ့ ရင်ကိုလှုပ်ခတ်သွားစေခဲ့ပြီး မျက်ရည်ကျစေခဲ့ပါတယ်တဲ့။
မနုဿ က ဒါလေးကိုပဲ ပြန်လည်ရေးသားတင်ပြလိုက်တဲ့အခါ ဘယ်နှစ်ယောက် ခံစားသွားရမလဲ သိချင်ပါတယ်။ ကျေးဇူးပြုပြီး စာကြောင်းရေတိုင်းကို စိတ်နှစ်ပြီး အဆုံးထိဖတ်ပေးပါ။
ဖတ်ပြီးသွားတဲ့အခါ နောက်ဆိုဖုန်းတောင် ပိတ်ရက်တော့မှာ မဟုတ်လောက်တော့ဘူး ထင်ပါတယ်။ သူငယ်ချင်းတွေကို ပြန်လည်ဝေမျှပေးလိုက်ပါဦးနော်။
~★ ★~★ ★~★ ★~★ ★~★ ★~★ ★~★ ★~★ ★~
၂၀၀၇ ခုနှစ် ၇လပိုင်း ၂၉ ရက်နေ့ မှာ ခင်ဖြူနဲ့ ခင်ဖြူတို့ချစ်သူနှစ်ဦးစလုံး နေထိုင်ရာ နယ်မြို့လေးမှာပဲ ဘွဲ့ရရှိခဲ့ကြပါတယ်။
ဘွဲ့ရတဲ့နေ့မှာ ခင်ဖြူ ဆုံးဖြတ်ချက်ချလိုက်တာကတော့ ကျွန်မတို့နှစ်ယောက် ဒီနယ်မြို့လေးမှာ ဆက်ပြီးနေထိုင်မယ်ဆိုရင် တိုးတက်မှာ မဟုတ်တဲ့အတွက် မြို့ကြီးပြကြီးမှာ အလုပ်လုပ်ရင်း ကျောင်းတက်ဖို့ပါပဲ ။ ခင်ဖြူ ကိုကို့ကို ခင်ဖြူစဉ်းစားထားလေးကို ပြောပြဖြစ်ခဲ့ပါတယ်။ စဉ်းစားထားတယ်ဆိုတာထက် ခင်ဖြူလုပ်ကိုလုပ်တော့မဲ့ အလုပ်တစ်ခုကို ပြောပြခဲ့ပါတယ်။ အဲ့ဒီနေ့က ကိုကို့ရဲ့မျက်နှာမှာ ထပ်ဟပ်သွားတဲ့ ၀မ်းနည်းရိပ်လေးကို ခင်ဖြူဖတ်မိလိုက်ပေမဲ့ မသိချင်ယောင်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ခင်ဖြူ့ကို အရမ်းချစ်တဲ့ ကိုကိုက ခင်ဖြူဖြစ်ချင်သမျှကို အမြဲလိုက်လျောပေးလေ့ရှိတဲ့အတိုင်း ခင်ဖြူသွားရင် ကိုကိုကတော့ ဒီမြို့လေးမှာပဲ နေခဲ့ပါ့မယ်။ ခင်ဖြူမြို့ကြီး ရောက်သွားလို့ အသစ်တွေ့သွားရင်သာ ကိုကို့ကို ဖုန်းဆက်လှမ်းပြောနော် ကိုကိုလည်း ဒီမှာ အသစ်တစ်ယောက်ရှာလို့ရအောင် ဆိုပြီး ဟန်သရုပ်နဲ့ ကိုကိုခင်ဖြူ့ကို ပြန်ပြီး စနောက်ခဲ့ပါတယ်။ ကိုကို့ဆီက ဒီလိုစကားမျိုးကြားရတော့ ခင်ဖြူဝမ်းနည်းပြီး မျက်ရည်ကျတဲ့အခါ ကိုကိုက အရူးမလေး ကိုကိုက စတာပါကွာ ၊ ခင်ဖြူ အလုပ်သွားလုပ်မှာတော့ ခင်ဖြူ့မိဘတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ ကိုကိုကတော့ နေခဲ့ရတော့မှာပေါ့။ ဒါကြောင့်မို့ ကိုကိုက နေခဲ့မယ်လို့ ပြောရတာပါ ဆိုတော့ ခင်ဖြူဝမ်းနည်း ၀မ်းသာဖြစ်ခဲ့ရပါတယ်။ သူ့ကိုအရမ်းချစ်တဲ့ သူကလည်း အရမ်းချစ်ရတဲ့ ကိုကို့ကို မခွဲနိုင်တဲ့စိတ်က ပိုတိုးသွားရပါတယ်။
ဒီလိုနဲ့ ခင်ဖြူ ဟောဒီမြို့ကြီးမှာ စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းတစ်ခုတက်ရင်း ကုမ္ပဏီတစ်ခုမှာ ကြီးကြပ်ရေးမှူးတစ်ယောက် အနေနဲ့ တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။ နေ့စဉ် အလုပ်နဲ့ကျောင်းနဲ့ အဆောင်နဲ့ သံသရာတွေထဲမှာ ကိုကို့နဲ့တော့ ဖုန်းအဆက်သွယ်မပြတ်ခဲ့ပါဘူး ။
တစ်နေ့ ခင်ဖြူ အင်တာနက်မှာ အမှတ်မထင်ဆောင်းပါးလေးတစ်ပုဒ် ဖတ်မိလိုက်ရပါတယ်။ သမီးရည်းစားနှစ်ယောက်ကို ရည်ညွန်းဖွဲ့ဆိုထားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ခင်ဖြူ ဒီဇာတ်လမ်းထဲက အကြောင်းရာလေးတစ်ခုကိုတော့ သေချာဖတ်မိလိုက်ပါတယ် အဲဒါကတော့ စုံတွဲလေးတစ်တွဲ ဖုန်းပြောကြတိုင်း ကောင်လေးဟာ အမြဲလိုလို ကောင်မလေးကို ဖုန်းအရင်ချခိုင်းခဲ့ပါတယ်။ ကောင်မလေးဖုန်းချပြီးတော့မှ သူလည်းဖုန်းချလေ့ရှိတယ်ဆိုတဲ့ အကြောင်းလေးတစ်ခုပါပဲ ။
ခင်ဖြူ့စိတ်ထဲထင်တာ အရမ်းချစ်တဲ့သူက ဖုန်းအရင်မချရဘူးပေါ့။ ကိုကို့ကို ခင်ဖြူအရမ်းချစ်တယ်လေ ဒီတော့ နောက်ဆို ခင်ဖြူဘယ်တော့မှ ဖုန်းအရင်မချတော့ဘူးပေါ့ ။ အမြဲလိုလို ကိုကိုဖုန်းချခိုင်းတိုင်း ခင်ဖြူအရင်ချမိတော့ ကိုကိုက ခင်ဖြူ့ကိုပိုချစ်လို့ အရင်ချခိုင်းခဲ့တာတွေးပြီး မျက်ရည်ကျမိခဲ့ပါတယ်။
အဲ့ဒီည ကိုကိုနဲ့ဖုန်းတွေပြောကြတော့ ထုံးစံတိုင်း ကိုကိုကခင်ဖြူ့ကို ဖုန်းအရင်ချစေခဲ့ပါတယ်။ ခင်ဖြူလဲ နေ့လည်က ဖတ်မိတဲ့စာတိုင်းပဲ ကိုကိုအရင်ဖုန်းချဆိုပြီး ပြန်ပြောမိပါတယ်။ ကိုကိုက အရူးမလေး ဖုန်းချတာပဲ ဘယ်သူချချ တူတူပဲမဟုတ်လား ဆိုတော့ ခင်ဖြူလည်း မရဘူးဆိုပြီး အတင်းဂျီလိုက်တော့ ကိုကိုလည်း အလျှော့ပေးပြီး ဖုန်းချသွားပါတယ်။ ခင်ဖြူလည်း ကိုကိုဖုန်းချသွားတော့မှာ လှိုက်လှိုက်လှဲလှဲ ပြုံးမိလိုက်ပါတယ်။ ခင်ဖြူ့ကိုကို့ကို အရမ်းချစ်ပါတယ်။
အဲ့ဒီနေ့ကစပြီး နောက်ပိုင်းကိုကို့ဆီက ဖုန်းလာတိုင်း ခင်ဖြူကိုကို့ကိုပဲ ဖုန်းအရင်ချစေခဲ့ပါတယ်။ ကိုကိုကလည်း ခင်ဖြူ့လိုကျ အမြဲတမ်းအရင်နှုတ်ဆက်ပြီး ဖုန်းချပေးခဲ့ပါတယ်။
ဒါပေမဲ့ ကြာလာတဲ့အခါ ခင်ဖြူ့စိတ်ထဲမှာ နည်းနည်းတော့ ခုလာပါတယ်။ သူ့ဘက်ကချည်း ဖုန်းအရင်ချတာခံရတာ အောက်တယ်လို့ ခံစားလာရပါတယ်။ ကိုယ်ကတော့ ကိုကို့ကိုချစ်လွန်းလို့ အမြဲဖုန်းချခိုင်းခဲ့တာ ။ ကိုကိုရော ခင်ဖြူဖတ်မိလိုက်တဲ့ အင်တာနက်ကစာလေးကို မဖတ်မိဘူးလားလို့ တွေးမိပါတယ်။ ခင်ဖြူစိတ်ထဲ သိမ်ငယ်သလိုဖြစ်လာလို့ ဖုန်းချလိုက်တဲ့အခါမှာ မျက်ရည်တောင်ကျမိပါတယ်။ ကိုကိုကရော ခင်ဖြူ့လောက် မချစ်ဘူးလားဆိုတဲ့ အတွေးကြီးက ၀င်လာခဲ့ရပါတယ်။
ဒါပေမဲ့ ခင်ဖြူ့စိတ်ထဲကသိမ်ငယ်မှုကို ကိုကို့ကို ထုတ်မပြမိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ခင်ဖြူက ကိုကို့ကိုအရမ်းချစ်တယ်လေ ဒီတော့ ဒီတိုင်းလေးပဲ တိတ်တိတ်လေးခံစားပြီး ချစ်သွားတော့မယ်ဆိုပြီး တွေးလိုက်ပါတယ်။
ခင်ဖြူကိုကို့ရဲ့ အားပေးစကားတွေနဲ့ အဝေးကဂရုစိုက်မှုတွေနဲ့ ကြိုးစားလိုက်လိုက်တာ ဘွဲ့တစ်ခုထပ်မံရရှိခဲ့ပါတယ်။ အလုပ်ထဲမှာလည်း ထိုက်သင့်တဲ့နေရာတစ်ခုရတဲ့အခါ တိုက်ခန်းလေးတစ်ခု ငှားပြီးနေထိုင်ခဲ့ပါတယ်။
အထီးကျန်လွန်းတဲ့ နေ့ရက်တွေကို အားတင်းပြီး တဖြည်းဖြည်းဖြတ်ကျော်ခဲ့ပါတယ်။ တော်သေးတာက နေ့တိုင်းကိုကို့ဆီ ဖုန်းသံလေးတွေ ကိုကို့ရဲ့ခင်ဖြူပေါ်ထားတဲ့ စိတ်ကလေးတွေကြောင့် ခင်ဖြူအားတင်းနေခဲ့ပါတယ်။
တစ်နေ့ဆောင်းညသန်းခေါင်မှာ ခင်ဖြူအခန်းထဲမှာ အိပ်မလို့ပြင်နေတုန်း လှေကားခွင်နားမှာ လူတစ်စုအိမ်အ၀မှာ တီးတိုးတိုင်ပင်တဲ့အသံတွေ ခင်ဖြူကြားလိုက်မိတော့ အတော်လေးကြောက်သွားမိပါတယ်။ ရုတ်တရတ် ဘာလ်ုလို့ဘာကိုင်ရမှန်းလဲ မသိတော့ပါဘူး ။ နေတာကလည်းတစ်ယောက်တည်းဆိုတော့ ဘယ်သူ့ကိုအကူညီတောင်းရမလဲမသိတော့ပါဘူး။ အော်ဟစ်လိုက်လို့ လူတွေမရောက်လာခင်မှာပဲ အန္တာရယ်ပြုခံရမှာကိုလည်း စိုးရိမ်မိသွားတယ်။ ရာသီဥတုအေးနေတာတောင် ကြောက်လွန်းလို့ ချွေးစေးတွေနဲ့ တုန်လှုပ်နေမိပါတယ်။ ခင်ဖြူလည်း အသံလည်းမထွက်ရဲတော့ ကိုကိုဆီကို မတ်ဆေ့ခ်ျလေးတစ်စောင် ပို့လိုက်ပါတယ်။ အကျိုးကြောင်းကို ခပ်တိုတိုပြောလိုက်ပါတယ်။ ချက်ချင်းဆိုသလို ကိုကို့ဆီက မတ်ဆေ့ခ်ျလေးတစ်စောင် ပြန်ဝင်လာပါတယ်။ သူ့ကိုဖုန်းခေါ်လိုက်ဖို့နဲ့ ခင်ဖြူဘက်က ဘာသံမှမထွက်ပဲနဲ့ စပီကာကိုဖွင့်ပြီး အသံကိုဂိတ်ဆုံးတင်ထားပေးပါတဲ့။ ခင်ဖြူလည်း ကိုကိုပြောတဲ့အတိုင်း လုပ်လိုက်တော့ ကိုကိုက ဖုန်းထဲကနေ ဘယ်ကောင်တွေလဲကွ အိမ်ရှေ့မှာလာပြီး ဆူဆူဆူဆူနဲ့ဖြစ်နေတာ ဆိုပြီးအကျယ်ကြီးထအော်ပါတယ်။ အပြင်ကလူတွေလည်း လန့်ဖြန့်ပြီး ၀ုန်းဝုန်းဝုန်းဝုန်းနဲ့ ဆင်းပြေးသွားတဲ့ ခြေလှမ်းတွေကြားလိုက်မိပါတယ်။ ခင်ဖြူလည်း အဲ့တော့မှ ခင်ဖြူလည်း သက်မတစ်ချက်ချရင်း ရှိုက်ကြီးတငင်ငိုကြွေးလိုက်မိပါတယ်။ ကိုကိုလည်း ဖုန်းထဲကနေ အရူးမလေး ကိုကိုရှိနေတာပဲကို ခုသူတို့ တွေလည်း မရှိတော့ဘူးမဟုတ်လား ဘာမှမကြောက်နဲ့တော့နော်တဲ့။ ကိုကို့ရဲ့ဖုန်းထဲက အသံလေးကလည်း ခင်ဖြူကို အားရှိစေခဲ့ပါတယ်။
ဒါပေမဲ့ ခင်ဖြူ့စိတ်ထဲမှာ ထင်မိတာက ကိုကိုက ဟိုဇာတ်လမ်းထဲက ကောင်လေးလောက်တော့ ခင်ဖြူ့ကို မချစ်ဘူး၊ ဒါကြောင့် ခင်ဖြူဖုန်းအရင်ချတာကို လက်ခံနေတယ်ပေါ့။
ခင်ဖြူ့မှာ အမြဲလိုလို ဖုန်းမေ့ကျန်တတ်တဲ့ အကျင့်လေးရှိပါတယ်။
တစ်ခါတစ်လေ ရုံးသွားရင် အိမ်မှာကျန်ခဲ့တာမျိုး ၊ ထမင်းစားချိန် ခုံပေါ်မှာကျန်ခဲ့တာမျိုးလေးတွေပေါ့ ။ ပိုဆိုးတာက တစ်ခါတစ်လေ ရောက်လေရာအရပ်မှာ ချထားရင် ကျန်ကျန်ခဲ့တာမျိုးတွေလည်း ပါပါသေးတယ်။ အဲ့ဒီအခါမျိုးမှာ ကိုကိုဖုန်းဆက်တဲ့အခါ လွတ်သွားတာမျိုး ကိုကို့မတ်ဆေ့ခ်ျတွေကို အချိန်လွန်မှ ပြန်လိုက်ရတာမျိုးတွေ ဖြစ်ခဲ့တာအကြိမ်ကြိမ်ပါပဲ။ အဲဒါတွေအားလုံးကို ကိုကိုတစ်ခါမှာ ခင့်ဖြူ့ကိုအပြစ်တင်စကားလေးတောင် မဆိုပဲ အရူးမလေး စိတ်ပူရအောင်မလုပ်နဲ့ နောက်ကိုဖုန်းကို ဂရုတစိုက်ဆောင်ဆိုပြီး ပဲ မှာခဲ့ပါတယ်။
ဒီလိုဘာမဟုတ်တဲ့ ပေါ့ဆမှုတစ်ခုဟာ ခင်ဖြူ့ဘ၀တွက် ကောင်းကင်ပြိုကျတဲ့အဖြစ်မျိုး ဖြစ်လာခဲ့ပါတယ်။
အဲ့ဒီနေ့က မုန်တိုင်းဝင်ပြီး မိုးကြီးလေကြီးတွေကျပြီး ကောင်းကင်ကြီးမှောင်မိုက်နေတဲ့ နေ့တစ်နေ့ပေါ့…
နေ့လည်ထမင်းစားချိန်ရောက်တော့ အပြင်ကကောင်းကင်ကြီးကို ကြည့်ပြီးခင်ဖြူ့စိတ်ထဲမှာ ကိုကို့ကို အရမ်းသတိရမိလို့ ဖုန်းခေါ်ဖို့ဖုန်းရှာလိုက်တော့ ထုံးစံအတိုင်း ဖုန်းကအိမ်မှာကျန်နေခဲ့ပါတယ်။ အလုပ်စားပွဲနားပြန်ထိုင်လိုက်ရင်း ကွန်ပြူတာထဲမှာ တက်လာတဲ့အင်တာနက်သတင်းလေးမှာ မုန်တိုင်းသင့်တဲ့နေရာမှာ ခင်ဖြူ့တို့နယ်လေးလည်း ပါနေတာကိုတွေ့တော့ ခင်ဖြူ့စိတ်ထဲ ကိုကို့ကို အရမ်းစိတ်ပူသွားမိပါတယ်။
ခင်ဖြူ့တစ်အိမ်လုံးက ဘုရားဖူးထွက်နေတဲ့အတွက် ခင်ဖြူနည်းနည်း စိတ်သက်သာရပေမဲ့ အိမ်စောင့်ပေးနေတဲ့ ကိုကို့ကိုမြင်ယောင်ရင်း တစ်ကိုယ်လုံးပူထူသွားပါတယ်။ လက်ကလည်း ခုံပေါ်မှာရှိတဲ့ လိုင်းဖုန်းကနေ ကိုကို့ဖုန်းကို လှမ်းခေါ်လိုက်ပါတယ်။ စက်ပိတ်ထားပါတယ်တဲ့။ နောက်အိမ်ဖုန်း …………. ဘယ်လိုမှဆက်လို့ လိုင်းမ၀င်ပါဘူး။ ခင်ဖြူဘာမှမပြောနိုင်ပဲ အိမ်အပြေးလွှားပြန်ပြီး ကြုံရာကားနဲ့ နယ်ပြန်မယ်ဆိုပြီး ခင်ဖြူရုံးကနေ အိမ်ကိုပြန်သွားခဲ့ပါတယ်။
တိုက်ရှေ့ရောက်တော့ အပြေးအလွှားတက်ပြီး အိမ်တံခါးဖွင့်ပြီး အခန်းထဲရောက်တော့ ခင်ဖြူအရင်ဦးဆုံး ဖုန်းလေးကိုဖွင့်ကြည့်မိလိုက်တဲ့အခါ ထင်ထားတဲ့အတိုင်းပဲ ကိုကို့ဆီက Missed call က ရာကျော်၊ မတ်ဆေ့ခ်ျတွေက အစောင် ၅၀ ကျော် …..
“အချစ်ဆုံး ခင်ဖြူရေ… အရူးမလေး ကိုကိုပထမဦးဆုံး ပြောချင်တာက ကိုကိုခင်ဖြူ့ကို ခင်ဖြူချစ်တာထက် ပိုချစ်တယ် ။ “
“ခင်ဖြူလေး ကိုကိုဖုန်းအရင်ချတာနဲ့ ပက်သတ်ပြီး စိတ်ခုနေတာသိပါတယ် ။ ခင်ဖြူကိုကို့ကို ဖုန်းအရင်ချဖို့ ပြောကတည်းက ခင်ဖြူလည်းကိုကိုအင်တာနက်မှာ ဖတ်မိလိုက်တာလေး ဖတ်မိပြီဆိုတာ သိပါတယ်။ အဲဒါလေးဖတ်မိမိ မဖတ်မိမိ ကိုကိုအရင်ကတည်းက ခင်ဖြူဖုန်းချပြီးမှ ကိုကိုဖုန်းချခဲ့တာပါ။ ဒါပေမဲ့ ခင်ဖြူတကူးတက တောင်းဆိုကတည်းက ခင်ဖြူ့အလိုကို ကိုကိုလိုက်လျောမိလိုက်တာ ခင်ဖြူကိုခင်ဖြူ့လောက်မချစ်တာမဟုတ်ပါဘူး ခင်ဖြူ့ထက်ပိုချစ်လို့ ခင်ဖြူဖြစ်ချင်တာကို လိုက်လျောပေးလိုက်တဲ့သဘောပါ။ နောက်ပြီး ခင်ဖြူကပိုချစ်ကြောင်းပြချင်လို့ ဖုန်းအရင်ချတယ်ဆိုတော့ ကိုကိုအရမ်းလည်း ၀မ်းသာမိပါတယ်။ “
“ကိုကို နေ့တိုင်းနေ့တိုင်း ဖုန်းကျန်ခဲ့မှာအရမ်းစိုးရိမ်မိပါတယ် ။ ဘယ်တော့မှလည်း မကျန်ခဲ့အောင် သတိထားပြီး ယူပါတယ်။ တစ်ခါက ခင်ဖြူ့ညဘက်လန့်ရမဲ့အဖြစ်မျိုးကြုံရင် ကိုကိုချက်ချင်း ရောက်မလာရင်တောင် တစ်ခုခုလုပ်ပေးနိုင်အောင် အကြံပေးနိုင်အောင် ကိုကိုသတိနဲ့ အမြဲဆောင်ပါတယ်။ အိမ်သာတက်တောင် ဖုန်းထားခဲ့ဖို့ စိတ်မဖြောင့်ခဲ့ပါဘူး ။ “
“ဖုန်းပိတ်ဖို့ မပြောနဲ့ ဖုန်းအားကုန်မှာကို အမြဲသတိနဲ့ စစ်ဆေးတတ်ပြီး ဘထ္ထရီတုံးအပိုအမြဲဆောင်ခဲ့ပါတယ် ခင်ဖြူ။”
“ညအိပ်ခါနီးရင်တောင် ခေါင်းအုံးနဲအနီးဆုံး နေရာမှာ ထားအိပ်တတ်ပါတယ်ခင်ဖြူ။ အိပ်ခါနီး ဖုန်းပိတ်နေမှာစိုးလို့ စစ်ဆေးမိတာကတော့ ညတိုင်းပါပဲ ခင်ဖြူရယ်။ နောက်ပြီး အမြဲလိုလို ဖုန်း Silent လုပ်ထားမိမှာ စိုးရိမ်နေတတ်ပါတယ် ခင်ဖြူ ။ကိုကိုစိတ်ပူတာက ခင်ဖြူအရမ်းကြောက်တဲ့အခါ၊ အားငယ်တဲ့အခါ၊ စိတ်မကောင်းဖြစ်လို့ ၀မ်းနည်းတဲ့အခါ ကိုကိုဆီကို အချိန်မရွေး ဆက်လို့မရမှာကိုပါပဲ။ “
“ခင်ဖြူက ကိုကို့ကိုချစ်လို့ ကိုကို့ကို ဖုန်းအရင်ချခိုင်းပါတယ်။ အဲ့လိုချခိုင်းတိုင်း ချခိုင်းတိုင်း ခင်ဖြူရဲ့ အချစ်တွေက ကိုကို့မျက်ဝန်းအိမ်ကို အမြဲစိုစွတ်စေခဲ့ပါတယ်။ ဒါပေမဲ့ ကိုကိုခင်ဖြူ့အတွက် ဆိုရင် ဖုန်းတောင်မပိတ်ရက်ခဲ့ပါဘူး ။ “
“အရူးမလေးရေ … ကြည့်ရတာ ကိုကိုခင်ဖြူ့ကို နောက်ပိုင်းအဖေါ်မလုပ်ပေးနိုင်တော့ဘူး ထင်တယ်။ ခုကိုကို့ကျောပေါ်မှာ ထုပ်တန်းကြီးပိနေတာ နှစ်နာရီကျော်ပြီ။ အရမ်းနာတယ် ခင်ဖြူရယ်။ ခြေထောက်မှာလဲ ပိမိလို့ သွေးထွက်နေတာပဲသိတော့တယ်။ နောက်ကျောနဲ့ ရင်ဘတ်တွေ ခြေထောက်တွေ နာလွန်းလို့ ကိုကိုအသံတောင်မထွက်နိုင်တော့ဘူး ။ ကိုယ့်သွေးနဲ့တောင် ကိုယ်ပြန်ရပြီး ညှီနေတယ် ခင်ဖြူ။ “
“ကိုကိုနာနေတဲ့ဒဏ်ရာထက် ခင်ဖြူ့ကိုအဖေါ်မလုပ်ပေးနိုင်မှာကို ပိုပြီး ၀မ်းနည်းလွန်းလို့ ခုမျက်ရည်ကျနေရတယ် အရူးမလေးရယ်။ “
“အရူးမလေးရယ် ဒီနေ့လည်း ဖုန်းကျန်ခဲ့ပြန်ပြီနဲ့တူတယ်။ နောက်ဆုံးချိန်မှာတောင် ခင်ဖြူ့အသံလေး ကြားချင်နေမိတယ် ။ ဖုန်းခေါ်တာလဲ မကိုင်ပါလား ခင်ဖြူရယ်။ ရုံးကိုဖုန်းမခေါ်ဖို့ ပြောထားဖူးတဲ့ ခင်ဖြူ့စကားကို ကိုကိုခုထိ လိုက်နာနေမိတယ်။ “
“ခင်ဖြူမကိုင်နိုင်တာပဲ ကောင်းပါတယ်။ ခင်ဖြူကိုကို့အသံကြားရင် ၀မ်းနည်းပြီး ငိုမှာ။ ကိုကိုအခု အသက်ရူလို့တောင် မ၀တော့ဘူး ခင်ဖြူ ။ ကိုကို့အသက်ရူသံကြားမိလားဟင်။ “
“အရူးမလေးရယ် နာလည်းနာတယ်၊ အေးလည်းအေးတယ်၊ ဖုန်းအလင်းရောင်လေးရှိလို့ တော်တော့တယ်။ ကိုကိုကျေးဇူးတင်ရမယ် ကိုကို့လက်တွေမပိပဲ ခင်ဖြူ့ဆီ ခုလို့စာလေးတွေပိုခွင့်ရလို့လေ။ “
“ခင်ဖြူ့အိမ်လေးတော့ အကုန်ပြိုကုန်လို့ ပြန်ဆောက်ရတော့မယ်။ အန်တီတို့တစ်မိသားစုလုံး ခရီးသွားနေလို့ တော်တော့တယ် ခင်ဖြူရယ် ။ လူဘာမှမဖြစ်ရင်ပဲ တော်လှပါပြီ ။ ခင်ဖြူအရမ်းစိတ်မကောင်းမဖြစ်နဲ့နော်။ ဒီတစ်ခါ အိမ်ဆောက်ရင် ရာသီဥတုဒဏ်ခံနိုင်အောင်ဆောက်နော်။ မနှမြောပါနဲ့ ခင်ဖြူ။ ခင်ဖြူနဲ့ကိုကို လက်ထပ်ဖို့တွက် ကိုကိုအလုပ်လုပ်ပြီး စုထားတာလေး အိမ်ဆောက်တဲ့နေရာမှာ ထည့်သုံးလိုက်နော်။ “
“ခင်ဖြူ … ကိုကိုမရှိတော့ရင် အရမ်းဝမ်းနည်းမနေနဲ့နော်။ နောက်ပြီး တစ်ယောက်တည်း မနေပါနဲ့တော့နော် ခင်ဖြူ့အသက်လည်း မငယ်တော့ဘူး သင့်တော်တဲ့သူတစ်ယောက်ကို ရှာဖွေပါ ခင်ဖြူ။ ခင်ဖြူ့ကိုကာကွယ်ပေးနိုင်တဲ့ သူလည်းဖြစ်ပါစေနော်။ ကိုကို့ကို တကယ်ချစ်ရင် တကယ်အဖေါ်မွန်ကိုရှာပါ ။ ကိုကိုစိတ်ချပါရစေ။ “
“အရူးမလေး ကိုကို့ကို ကတိတစ်ခုပေးပါဦး။ ဒီတစ်ခါ ခင်ဖြူချစ်သူရသွားရင် ဖုန်းကျန်ခဲ့တာမျိုး မလုပ်ပါနဲ့နော်။ ပြီးတော့ ဖုန်းမကိုင်တာတို့ မတ်ဆေ့ခ်ျ မပြန်တာတို့လည်း မလုပ်ပါနဲ့ ။ ဘာလို့လဲဆိုတော့ အဲ့ဒီခံစားချက်က ဘယ်လောက်ဆိုးလဲဆိုတာ ကိုကိုသိတယ်။ “
“ကိုကိုအသက်ရူလို့မ၀တော့ဘူး အရူးမလေးရယ် ။
နှုတ်ဆက်ခဲ့ပါတယ် ခင်ဖြူလေးရယ် ။ နောက်ဘ၀ကျရင် ကိုကိုခင်ဖြူနား လာခဲ့ပါဦးမယ်။”
“ချစ်ရတဲ့ ခင်ဖြူလေးရယ် ကိုကိုခင်ဖြူ့ကို အရမ်းချစ်ပါတယ် ။ ဖုန်းအရင်ချတဲ့အတွက် စိတ်ခုမနေနဲ့တော့နော်။ သူများရဲ့ အချစ်ဇာတ်လမ်းတွေကြည့်ပြီး အားကျမနေပါနဲ့ ခင်ဖြူ အဲ့ဒီဇာတ်လမ်းထဲက ကောင်လေးထက် ကိုကိုက အပုံကြီးသာပါတယ်။ နှိုင်းလို့တောင် မရအောင်ပါပဲ ခင်ဖြူ။”
“ခင်ဖြူ ကိုကိုဘာမှ မမြင်ရတော့ဘူး ။ “
“ခင်ဖြူ နေကောင်းအောင် ဂရုစိုက်ပြီးနေနော်။ “
“ခင်ဖြူ ……..”
“အရူးမလေး ….မငိုပါနဲ့နော်။”
“ကိုကိုအရမ်းချစ်တဲ့ခင်ဖြူရယ်…. နောက်ဆုံးအသံလေးကြားချင်လိုက်တာ။”
“ခင်ဖြူ………………………………………………………..”
ခင်ဖြူ မတ်ဆေ့ခ်ျတွေ တစ်ကြောင်းပြီး တစ်ကြောင်းဖတ်ရင်း ရှိုက်ကြီးတငင်အော်ဟစ် ငိုကြွေးမိလိုက်ပါတယ်။
ခင်ဖြူ နောက်ကို ဘယ်တော့မှ ဖုန်းမပိတ်တော့ပါဘူး ………………………..။
ဘာမဟုတ်တာလေးတွေနဲ့လည်း မတိုင်းတာတော့ပါဘူး …………………….။

Credit:မနု  ဿ  စာမျက်နာ



ဒီစာအုပ်ကတော့လျှပ်စစ်ပိုင်းတွေကိုစိတ်ဝင်စားတဲ့
သူတွေအတွက်တန်ဖိုးရှိမယ်ထင်ပါတယ်။
ဆရာဦးအုန်းမြိုင်ရေးသားထားတဲ့AcမှာDcသို့ဆို
တဲ့စာအုပ်လေးပါကျနော်ကိုတော့ဘာမှမမေးပါနဲ့ဗျာ
ကျနော်ကလျှပ်စစ်ဆိုတာခလုပ်နိုပ်ရင်မီးလင်းလာမယ်
အဲဒါလောက်ဘဲသဘောပေါက်လို့ပါ။
စာအုပ်linkကိုအောက်မှာချပေးထားပါတယ်။










ကျနော်အခုတင်ပေးမဲ့စာအုပ်လေးကinternetကိုစသုံးတဲ့ညီငယ်ညီမငယ်တွေအတွက်ရောမသိသေးတဲ့သူတွေအတွက်ပါရှာဖွေပြီးတင်ပေးလိုက်ပါတယ်ဗဟုသုတအပြင်ရှောင်ရန်ဆောင်ရန်တွေကိုတခါတည်းဖေါ်ပြထားပေးပါတယ်ဒါကြောင့်တန်ဖိုးရှိတဲ့စာအုပ်လေးပါအခုနောက်ပိုင်းမှာfacebookဆိုတာကိုလူအသုံးများလာပါတယ်သုံးများလာတဲ့အလျှောက်web.google.
email.facebookဆိုတဲ့internetဆိုဒ်လေးတွေကိုသိကြပေမယ့်တကယ်လက်တွေဘယ်လိုအသုံးဝင်သလဲဘယ်လိုအကြောင်းရာတွေကိုလျို့ဝှက်ထားလဲဆိုတာသိတဲ့လူနည်းပါလိမ့်မယ်
လေနည်းနည်းရှည်သွားတာsorryပါ
စာအုပ်ကိုကျနော်အောက်မှာlinkချပေးထားပါတယ်။

Credit:စွယ်စုံကျမ်း






တန်ဖိုး
=====
တစ်ခါတုံးက တရုတ်ပြည် မှာ ရေထမ်း တဲ့လူ တစ်ယောက် ရှိတယ်။ သူဟာ ကြီးမားတဲ့ ရေအိုး နှစ်လုံး ကို ပခုံး တစ်ဘက် တစ်ချက်မှာ ထမ်းပြီး ရေသယ်လေ့ရှိတယ်တဲ့။
အိုးတစ်လုံးက နဲနဲ အက်နေတယ်။ အိုးက မလုံဘူး၊ ရေတွင်း ကနေ သူ့အိမ်ဘက် ရေသယ် လာတိုင်း စိမ့်တာပေါ့။ ဒီတော့ အိမ်ရောက်တဲ့ အခါ ရေတစ်ဝက် ပဲ ပါသတဲ့။
ကျန်တဲ့ အိုးတစ်လုံး ကတော့ အပြစ် အနာအဆာ မရှိဘူး။ ဒီတော့ သူ ရေတွင်း ကနေ ရေထမ်းပြီး ပြန်လာတိုင်း ရေအပြည့်ပါတာပေါ့။
ဒီလိုနဲ့ အိမ်ရောက်ရင် အိုး တစ်လုံး နဲ့ တစ်ဝက် ပဲ... ရေသယ် လာလိုက်တာ နှစ်နှစ်လောက် ကြာ သွားသတဲ့။ ဒီတော့ အိုး အကောင်းလေး က သူ့ ကိုယ်သူ သိပ်ဂုဏ်ယူ သတဲ့။ ငါက အပြစ် အနာအဆာ မရှိဘူး... ဒါကြောင့် များများ သယ်နိုင်တယ် လို့ အထင်ရှိနေတယ်တယ် တဲ့။
အက်နေတဲ့ အိုးကလေး က စိတ်ထဲမှာ တော်တော်လေး သိမ်ငယ် နေရှာ တယ်။ အော်.. ငါ့မှာ အားနည်း ချက်ရှိတယ် ...သူများ လို အပြည့်မသယ်နိုင်ဘူး... တစ်ဝက်ပဲ သယ်နိုင်တယ် ပေါ့။ ၀မ်းနည်းလဲ ၀မ်းနည်း နေတယ်တဲ့။
ဒီလိုနဲ့ တရက်မှာ အက်နေတဲ့ အိုးကလေး က ရေထမ်းသမား ကို ရင်ဖွင့် ရှာတယ်။ သခင်ရယ်... ကျွန်တော် သခင့်ကို တောင်းပန်ချင်ပါတယ်။ ကျွန်တော့် ကိုယ် ကျွန်တော်လည်း ရှက်မိပါတယ်။ သခင်ကတော့ သခင့်ဘက်က အပြည့် အ၀ အားစိုက်ပြီး ရေသယ် ရတယ်။ ဒါပေမဲ့ ကျွန်တော့် ဘေးဘက်မှာ ရှိတဲ့ အက်ကြောင်းလေး ကြောင့် သခင် သယ်သမျှ ရေတွေ အပြည့်မရဘူး... တစ်ဝက်က အလဟဿ ဖြစ်ရတယ်... လို့ ၀မ်းနည်း ပက်လက်နဲ့ ပြောမိတယ်။
အဲဒီ အခါမှာ ရေထမ်းသမား က ဘယ်လိုပြန်ပြောသလဲ ဆိုတော့... အိုးကလေး... မင်းကြည့်လိုက်စမ်း.... ရေခပ် လမ်း တလျှောက်မှာ မင်း ရှိတဲ့ ဘက်ခြမ်း တစ်လျောက်လုံး ပန်းတွေ ပွင့်နေတာ မင်း သတိပြုမိရဲ့လား... တဲ့။
ငါက မင်း ရေစိမ့်နေ တယ် ဆိုတာ သိတာပေါ့။ ဒါကြောင့် မင်းရှိတဲ့ ဘက်ခြမ်း မှာ ပန်းမျိုးစေ့တွေ ချထားခဲ့တယ်။ နှစ်နှစ် လုံးလုံး ရေခပ်လမ်း က အပြန်မှာ မင်း က ဒီ ပန်းပင်လေးတွေ ကို ရေမှန်မှန် လောင်းပေးခဲ့တယ်။ အခုဆိုကြည့်စမ်း ... လှပတဲ့ ပန်းတွေပွင့်နေပြီ။
အိမ်မှာလည်း ပန်းအိုးလေးတွေ မှာလည်း ပန်းတွေ နဲ့ အလှဆင်နိုင်ပြီ... မင်းသာမရှိရင် ဒီလို ပန်းပွင့်လေးတွေနဲ့ ကျက်သရေ ရှိတဲ့ အိမ် ဖြစ်လာပါ့မလား။ စဉ်းစားကြည့်စမ်း...
သင်ခန်းစာ ။ ။ လူတိုင်း မှာ အားနည်းချက် လေးတွေ ကိုယ်စီ ရှိပါတယ်။ ဒါပေမယ့် ဒီ အားနည်း ချက်ကလေး တွေ ရှိနေတာကြောင့်ပဲ ပိုပြီး unique ဖြစ်လာတယ်...ပိုပြီး ချစ်စရာလည်း ကောင်းပါတယ်။
ဒီ အားနည်းချက် အတွက် သဘာဝ တရားကြီးက အစားတစ်ခုခု လည်း ပြန်ပေးတတ်ပါတယ်။ ဒါပေမယ့် မြင်သာချင် မှ လည်း မြင်သာမယ်၊ ချက်ခြင်း ရချင်မှလည်းရမယ်။

credit to Myawady News





နည်ပညာနဲ့ပက်သက်လာရင် သူများတွေထက်ခြေတစ်လှမ်းနောက်ကျ ကျန်ခဲ့မှာစိုးလို့ ဒီစာအုပ်လေး တင်ပေးလိုက်တာဖြစ်ပါတယ်ဗျာ။ ဒီစာအုပ်က အခြေခံ Hacking နည်းပညာစာအုပ်ဖြစ်တယ်ဆိုပေမယ့် ဒီစာ အုပ်ကိုဖတ်ပြီးသွားရင်တော့ Hacker တစ်ယောက်ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါပေမယ့် တကယ့်ကိုသိထား သင့်တဲ့အချက်အလက်တွေပါ။ မိမိ Account တွေလုံခြုံရေးအတွက် သေချာလေးတော့လေ့လာထားစေချင် ပါတယ်ဗျာ။ ဒီစာအုပ်ကိုမူရင်းရေးသားထားတဲ့ ပညာရှင်ကတော့ မစ္စတာ.မောင်ဘစ်နေ ဖြစ်ပါတယ်ဗျာ။ စာအုပ်ထဲမှာတော့ Hacking အကြောင်းကို သေသေချာချာလေး လူပိန်းနားလည်အောင်ရှင်းပြထားတာဖြစ် ပါတယ်ဗျာ။

Credit:စွယ်စုံကျမ်း








ဒီစာအုပ်လေးက  ကွန်ပျုတာ နဲ့  စာရင်းကိုင် လုပ်နေသူတွေအတွက်၊ အလုပ်ရှာသူ

စာရင်းကိုင်နည်း  စာရင်းအင်းအကြောင်း  သိလိုသူတွေအတွက်    ဗဟုသုတဖြစ်ဖို့ 

လေ့လာစေဖို့ ပါ။ အလုပ်ရှာနေသူတွေအတွက်လည်း  ဒီစာအုပ်ဖတ်ထားရင် သိနိုင်

ဖြေနိုင်မယ့် အင်တာဗျူး မေးခွန်းတွေအတွက် အထောက်ကူ ပြုနိုင်ပါတယ်။စာရင်း

ဇယားကလွယ်ပေမယ့်    စာရင်းဖော်မျူလာအတွက်ဆို  သင်တန်းတက်ရင်တက်မှ

မဟုတ်ရင်လည်း စီးပွားရေး တက္ကသိုလ် ( B.Commerce) ဘွဲ့ တွေဆိုရင် ဒီနည်းကို

နားလည်ပီးဖြစ်ပါလိမ့်မယ်။  မဟုတ်ရင်လည်း LCCI သမားတွေသာ ဖော်မျူလာကို

နည်းလည်ပါလိမ့်မယ်၊ ဆော့ဝဲဆိုတာက နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ အလုပ်တစ်ခုနဲ့ 

တစ်ခု မတူပါဘူး ဆော့ဝဲမတူရင် အသုံးပြုပုံမတူဘူး သို့ သော် စာရင်းအင်းသဘော

ဖော်မျူလာက တူတယ် မကွာခြားဘူး ။ ဥပမာ ဘယ်အလုပ်မှာမဆို profit &loss ကို

Sale ထဲကနေ Cost of goods sold ကိုနုတ် Gross Profit ရ ၊ income ဆိုပေါင်း

Expenses ကို နုတ် Net Profit ရမယ်။ဒီသဘောဟာ နိုင်ငံအားလုံး သဘော အတူတူ

ဖော်မျူလာတူတယ်၊ အဲ့တော့ ဒီစာအုပ်ကို ဖတ်ရင်  စာရင်းသွင်းနည်းတွေကို မှတ်ပီး

ဖော်မျိုလာကိုလည်း သဘောပေါက်အောင် ကြည့်သင့်တယ် ဒီစာအုပ်မှာ သုံးတဲ့နည်း

သွင်းတဲ့နည်းက Peachthree Accounting ဆော့ဝဲကို အခြေခံတယ် မြန်မာပြည်က

လူတွေ အလုပ်မှာသုံးနေတဲ့ ဆော့ဝဲတူဆိုရင် ပိုပြီး အဆင်ပြေပါလိမ့်မယ်၊ အခုမှစ

အခုမှသင်တဲ့သူတွေက ဖော်မျိုလာပိုင်း နားလည်ရမယ် ။သို့ သော် တကယ် သိဖို့ က

တကယ်လေ့လာရမယ် ဒီဟာက အလုပ်ကောင်းကောင်းရမယ့် နည်းတွေပဲ လစာက

မက်လောက်စရာနော်။စာရင်းကိုင် လုပ်မယ်ဆို ဒါတွေလေ့လာကြည့်ပါ ကျနော်တို့ 

ကျောင်းမှာ ဒါတွေသင်ခဲ့ဖူးတယ် LCCI ထပ်တက်ဖို့ မလိုဘူး ဒါပေမယ့် အခုလုပ်နေ

လေ့လာနေတာနဲ့ က စာရင်းကိုင် သီးသန့် အလုပ်မဟုတ်ပါဘူး ။အဆင်ပြေပါစေဗျိုး

လေ့လာလိုသူများ အအောက်ကလင့်မှာ ယူပြီး သေချာဖတ်ကြည့်လိုက်ကြပါ........။

ကျနော် အလုပ်ကတော့ စာရင်းအင်းနဲ့ နဲနဲပဲဆိုင်တယ် နည်းပညာပဲ ၀ါသနာပါတယ်

စာရင်းကိုင်တော့ မလုပ်ချင်ဘူး မသိလို့  အမှတ်မမှီလို့ စီးပွားရေးတက္ကသိုလ်သွားပီး

တက်မိတာ တကယ်ဆို LCCI တက်ရင် စာရင်အင်းပိုင်း နိုင်ပါတယ် ။ဒါကတော့အကြံ

လေ့လာတယ်ဆိုတာ မမှားပါဘူး ။  သေချာဖတ်ပီး သဘောပေါက်အောင်လေ့လာပါ။

Credit:စွယ်စုံကျမ်း




videoတွေdownloadလုပ်ချင်တဲ့သူတွေ
tubemateဗားရှင်းအပ်ဒိတ်2.2.5လေးကို
တင်ပေးလိုက်ပါတယ်။သူကမြန်မာဘာသာနဲ့
အသုံးပြုလို့လဲရပါတယ်ဒေါင်းရာမှာလဲလျှင်မြန်
စွာဒေါင်းပေးပါတယ်အသုံးပြုချင်တယ်ဆိုရင်
အောက်ကလင့်မှာဒေါင်းသွားလိုက်ပါ။








Phone ကနေအလွယ်တကူ photo များကို ကို
ကိုယ်ယ်ကြိုက်တဲ့သီချင်းထည့်ပြီး video ပြုလုပ်လို့ရတဲ့
VivaVideo application လေးကိုတော်တော်များများသိရှိပြီးသားဖြစ်ကြမှာပါ။ အခု vrsion update အနေနဲ့ထပ်မံထွက်ရှိလာပါပြီ။
ပိုမိုကောင်းမွန်ပြည့်စုံတဲ့ Feature တွေထပ်မံပါဝင်လာတာကြောင့် ကောင်းမွန်တဲ့ video တစ်ခုကိုစိတ်ကြိုက်ဖန်တီး
နိုင်မှာလဲဖြစ်ပါတယ်။ သီချင်းဖွင့်ပြီး phone မှာပါတဲ့ camera နဲ့ တိုက်ရိုက် ရိုက်ကူးပြီး video တစ်ခုလဲဖန်တီးနိုင်ပါတယ်။
video တစ်ခုဖန်တီးနိုင်ရန်အကောင်းဆုံး application တစ်ခုဖြစ်တဲ့ VivaVideo application update version လေးကို
ရယူလိုရင်တော့ အောက်ကလင့်ကနေ ရယူလိုက်ပါခင်ဗျာ။










အပေါ်သို့