Romeo

.

.
မင်္ဂလာပါခင်ဗျားးး ခုလိုလာရောက်အားပေးတဲ့အတွက် ရိုမီယို(ရှာဖွေလေ့လာနည်းပညာ)} ဘလော့ဆိုဒ်မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ ကျွန်တော်ဘလော့ဆိုဒ်မှ ပို့စ်များအား မြန်မာ IT နည်းပညာတိုးတက်ရေးအတွက် မည်သူမဆို ပြန်လည်မျှဝေခွင့်ရှိပါတယ်ခင်ဗျား လာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ ညီအစ်ကိုမောင်နှမ အားလုံး ပျော်ရွှင်သောနေ့သစ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ ရန်ကုန် ယုဇနဥယာဉ်မြို့ေ​​​တာ်​​ph09781637230.email.romeo@basicittoshare.com

မင်္ဂလာပါလိုနှုတ်ဆက်လိုက်ပါတယ်။
ခုတလောgpမှာအတောင်းများပြီးလူကြိုက်များ
တဲ့သီချင်းတွေကိုကျနော်mp3အဖြစ်နားထောင်
ရအောင်download/linkချပေးလိုက်ပါတယ်
နှစ်သက်တဲ့သီချင်းတွေဒေါင်းသွားပါ။
အဆင်ပြေကြပါစေ...


ထက်မွန်(ကြွေကာဖျက်ပျက်စီး)

mp3:DOWNLOAD

ကောင်းကောင်း(တန်ဖိုးထားပါမယ်)

mp3:DOWNLOAD

ရွှေထူး(နင်ရှိမှပြည့်စုံ)

mp3:DOWNLOAD

နီနီခင်ဇော်(မလိုချင်ဘူးးးးစစ်)

mp3:DOWNLOAD

ရွှေထူး+အိမြတ်(အတူရှိမဲ့နေ့)

mp3:DOWNLOAD

ရွှေထူး(အလွမ်းသက်သေ)

mp3:DOWNLOAD

အသဲကွဲနေသည်

mp3:DOWNLOAD

ရွှေထူး(ဥပေက္ခာ)

mp3:DOWNLOAD

ခန့်ဖြိုး(မျောက်ဖြစ်ချင်တယ်)

mp3:DOWNLOAD

မျိုးကြီး(နားခိုရာ)

mp3:DOWNLOAD

ကျေးဇူးတင်ပါတယ်ကြိုက်နှစ်သက်ခဲ့လျှင်ကျေန်ပါပြီ။





ဟိုနေ့ကအကိုတစ်ယောက်frozenကီးဘုတ်ပြiင်တတ်ချင်လို့လာပြောလို့မသိသေးတဲ့ညီအကိုတွေလဲတခါတည်းနားလည်သွားအောင်ကျနော်ကီးဘုတ်မှာပုံထည့်နည်းကိုပုံလေးတွေနဲ့apkလုပ်ပြီးတင်ပေးလိုက်ပါတယ်ကျနော်ပြထားပေးသလိုမျိုးဘဲလုပ်ပေးပါအောက်မှာလိုအပ်တဲ့Softwareတွေကိုကျနော်Linkချပေးထားပါတယ်ကိုယ်တိုင်လေ့လာကြည့်ပါ
တခုသတိထားပေးပါကီးဘုတ်ပြင်မယ်ဆိုရင်မူရင်းကီးဘုတ်သာပြင်လို့ရပါတယ်ကျနော်အောက်မှာလင့်ချပေးထားပါတယ်။

ဒါကတော့မရှိမဖြစ်လိုအပ်တဲ့ Apk Editor

 ( ဒီမှာ )ဒေါင်းလိုက်ပါ

 ဒါကတော့ပုံထည့်နည်း Apk ပါ

( ဒီမှာ )ဒေါင်းလိုက်ပါ

 ဒါကကျနော်ပြင်ပြထားတဲ့ကီးဘုတ်ပါ

 ( ဒီမှာ ) ဒေါင်းလိုက်ပါ

ဒါကတော့မူရင်းကီးဘုတ်ပါ

 ( ဒီမှာ ) ဒေါင်းလိုက်ပါ




                       

ဒါလေးကတော့လူသိများပါတယ်မသိတဲ့လူတွေလဲရှိမှာပါသုံးကြည့်ပေါ့နော်သူကကိုယ့်ဆီဖုန်းCallဝင်လာရင်ဖုန်းကိုနားနားကပ်လိုက်တာနဲ့အော်တိုကိုင်ပေးပါလိမ့်မယ်ကြိုက်ရင်တော့ဒေါင်းသွားပါတချို့တောင်းနေတာတွေ့လို့ရှာတင်ပေးလိုက်ပါတယ်။


***  DOWNLOAD  ***


facebookV41လေးရပါပြီplaystoreမှာတောင်မထွက်သေးပါဘူးအရင်းဗားရှင်းတွေနဲ့လုံးဝမတူပါဘူးပိုပြီးလန်းလာပါတယ်အမြဲတမ်းအသစ်လေးတွေမှစိတ်ဝင်စားသုံးချင်တဲ့သူငယ်ချင်းတွေဒေါင်းသွားလိုက်ပါ။
ဒီ41ဗားရှင်းကိုရှာတွေ့ခဲ့တာကျနော်ရဲ့ချစ်ကိုရီးဆာချစ်ကိုပါ။

Credit:ဆာချစ်ကို



(ဒီမှာ) ဒေါင်းသွားပါ




iOS, Android နဲ့ Windows ဖုန်းတို့ ဓာတ်ပုံများ ရှဲမယ် 

ကိုယ်က Apple iPhone သုံးတယ်.. သူငယ်ချင်းများက Android ဖုန်း သုံးတော့ ပုံကို ရှဲမရ၊ ပြုမရဖြစ်တဲ့ ဒုက္ခမျိုး ခံစားဖူးသူများ သိပါလိမ့်မယ်။ အလားတူပါပဲ Android သုံးသူများကလည်း iPhone သူငယ်ချင်းစီကို ပုံ share ဖို့မလွယ်ပါဘူး။ ကမ္ဘာကျော် File sharing platform လုပ်တဲ့ Bit torrent ကနေပြီးတော့ iPhone, Android ဖုန်းနဲ့ Windows ဖုန်းတွေကြား ပုံများ အလွယ်တကူ မျှဝေလို့ရစေမယ့် App တစ်မျိုးကို မိတ်ဆက်ပေးလိုက်ပါတယ်။ ယင်းကတော့ Shoot လို့ အမည်ရပါတယ်။


သူက အင်တာနက် မလိုပါဘူး။ Peer to peer လို့ခေါ်တဲ့ ဖုန်းအချင်းချင်း Wi-Fi/ Bluetooth များဖြင့် တစ်ဆင့်ပို့ပေးတဲ့ စနစ် ဖြစ်တာကြောင့် မြန်လည်း မြန်ပါတယ်။ သုံးပုံသုံးနည်းကတော့ လွယ်ကူပါတယ်။ App ကို install လုပ်ပြီးရင် ပုံ ပို့ပေးချင်သူ ပုံတွေကို ရွေးပါ။ ရွေးပြီးတော့ ပို့မယ်လို့ နှိပ်လိုက်ရင် QR Code ကြီးပေါ်လာပါမယ်။

လက်ခဲ့မယ့်သူက ပို့မယ့်သူရဲ့ ဖုန်းမှာ ပေါ်တဲ့ QR Code ကို ကင်မရာနဲ့ scan ဖတ်လိုက်ပါ။ ကင်မရာကိုလည်း Shoot App ထဲကနေ Sender (ပေးပို့သူ) ဆိုတာကို နှိပ်လို့ ဖွင့်ရမှာ ဖြစ်ပါတယ်။ အရမ်းလွယ်ပါတယ်။ QR Code ဖတ်ပြီးရင် ပုံများ ပို့ခြင်း ရပါပြီ။ iOS သုံး အိုင်ဖုန်း၊ အိုင်ပတ် များနဲ့ Android သုံး ဖုန်း၊ Tabletများ၊ Windows ဖုန်း၊ Tablet များအတွက် သုံးနိုင်မှာ ဖြစ်ပါတယ်။

အော် ဒါနဲ့.. သူက အခမဲ့ အသုံးပြုနိုင်ခွင့်ကို အကြိမ်အရေအတွက် သတ်မှတ် ထားပါတယ်။ အဲ့ထက်ကျော်ရင် ၂ ဒေါ်လာလား မသိဘူး ပေးရတာမျိုး ရှိပါတယ်။ လောလောဆယ်ကတော့ အခမဲ့ သုံးနိုင်ပါတယ်။







*** DOWNLOAD ***

groupမှာအတော်များများတောင်းနေတာတွေ့လို့ကျနော်စုပြီးတင်ပေးလိုက်ပါတယ်။
အသုံးပြုချင်တယ်ဆိုရင်ဖုန်းမှာrootဖေါက်ထားရပါမယ်။
လိုအပ်တဲ့Softwareလေးတွေဒေါင်းသွားပါ။



2 line for viber

***DOWNLOAD***

2 line for facebook

***DOWNLOAD***

2 line for wechat

***DOWNLOAD***

2 line for wassapp

***DOWNLOAD***

2 line for clash clans

***DOWNLOAD***

ဒီSoftwareနဲ့တွဲသုံးရပါမယ်

Busy boxအားဒေါင်းယူပါ

***



Softwareအဟောင်းလေးပြန်တင်ပေးလိုက်ပါတယ်သူကတော့မြန်မာမှုပြုထားတဲ့ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဆိုတဲ့Softwareလေးပါကိုယ့်ဖုန်းထဲကအရေးကြီးApkတွေဖုန်းCallတွေဖုန်းsmsတွေကအစအကုန်သိမ်းလို့ရပါတယ်လိုအပ်မယ်ထင်ရင်ဒေါင်းသွားပါ....






-Androidဖုန်းထဲက​နေ၊ဗွီဒီယိုရုပ်​သံ​တွေကို
speedအ​နှေးslow motionပြုလုပ်​ပြီးကြည့်​ရှုလို့
ရ​စေတဲ့​ဆော့ဖ်​ဝဲ​လေးတစ်​ခုကိုတင်​​ပေးလိုက်​ပါပြီ-

-speedကိုမိမိလိုသလိုအ​နှေးပြုလုပ်​၍ကြည့်​ရှုနိုင်​ခြင်း၊
အမြန်​ပြုလုပ်​၍ကြည့်​ရှုနိုင်​ခြင်း၊စတာ​တွေကိုcontrol
လုပ်​​ဆောင်​နိုင်​မှာပဲဖြစ်​ပါတယ်​-

-ဗွီဒီယိုဖိုင်​​တွေကိုအ​နှေး/အမြန်​speed​တွေကိုလိုသလို
ပြုလုပ်​ကြည့်​ရှုလို့ရပြီး၊အသုံးပြုရတာလည်းလွယ်​ကူ
ရိုးရှင်းမှုရှိတာ​ကြောင့်​၊​ဆောင်​ထားသင့်​တဲ့apk​လေး
တစ်​ခုလည်းဖြစ်​ပါတယ်​-

-Apk file size 13.14MB ရှိပြီး
-Android OS Version 2.1နှင့်​အထက်​ရှိထားတဲ့
ဖုန်းများ​ပေါ်မှာထည့်​သွင်းအသုံးပြုနိုင်​ပါတယ်​-


Credit:ကိုဇော်သွင်(နည်းပညာ)




*** DOWNLOAD ***



ဟိုနေ့ကအကိုတယောက်လာမေးနေလို့တင်ပေးလိုက်ပါတယ်htmlအခြေခံရေးနည်းCodeတွေရဲ့သင်္ကေတတွေပါလေ့လာလို့ရပါပြီblogအသုံးပြုနေသောအကိုများပိုလေ့လာသင့်ပါတယ်ကွန်ပျူတာရှိဖို့တော့လိုအပ်ပါတယ်ကျနော်လဲစိတ်ဝင်စားပေမယ့်ကွန်ပျူတာမရှိလို့မလေ့လာရသေးပါဘူးတတ်ကျွမ်းနားလည်ခဲ့ရင်ပြန်လည်မျှဝေပေးပါလို့တောင်းဆိုပါရစေ...







မိမိရဲ့ဘလော့Bannerထောင့်မှာX'mas 
Buttonလေးထားချင်တဲ့ဘလော့မိတ်ဆွေတွေအတွက်တင်ပေးလိုက်ပါတယ်။

ကုဒ်ထည့်ပေးမယ့်နေရာကတော့အောက်မှာအဆင့်ဆင့်ပြထားပါတယ်။

၁။Design

၂။Add a Gadget

၃။HTML/JavaScript Add နေရာမှာအောက်ကCode ထည့်ပေးလိုက်ပါ။
<!-kp-3နည်းပညာ-http://kp3family.blogspot.com--> <div style='position: fixed; top: 0%; right: 0%;'/> <a href="http://kp3family.blogspot.com" target="_blank"><img alt="Blog Tips" src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyaU-sFE9Wl4rU9DVsHkHaUGN-YiQtqm24zEN0gMBNT3ebevNvUtEPRr_jxdO26s1GK1pJn2JxZLYd7TZNgDexvHyxTnUKPZXZOlV8YWjzwoM6nVe7xE06Vki_H-nEboOf7m6LycE_mctX/s1600/merry+christmas+blogger+banner.gif"/></a> </div> <!--kp3X'masButton-http://kp3family.blogspot.com--> ၄။Save နိုပ်လိုက်ပါ။ပြီးပါပြီ။ ။ ။


Credit::kp3မိသားစု

blogသမားတွေအတွက်ပါကိုယ့်ရဲ့blogကိုသူများတွေနဲ့မတူအောင်အသဲပုံလေးတွေAutoကျနေတာလေးထည့်ထားလိုက်ရအောင်ဗျာလှမလှသိချင်ဝေါမှာကြည့်နော်

အောက်ကကုဒ်ကိုDesign>>>Add a Gadget>>>HTML/JavaScript Add မှာထည့်ပေးလိုက်ပါ။

<!-Kp3နည်းပညာ-http://kp3family.blogspot.com--> <script type="text/javascript" src="http://yourjavascript.com/10151105930/kp3family.txt.js"></script> <!--kp3Falling Hearts-http://kp3family.blogspot.com-->

Credit::kp3မိသားစု

ညီလေးတယောက်လာမေးလို့တင်ပေးလိုက်ပါတယ်သူကတော့စာလုံးတွေကိုပုံစံအမျိုးမျိုးဒီဇိုင်းအမျိုးမျိုးရေးလို့ရပါတယ်ဒီဇိုင်းအလန်းတွေအများကြီးရှိပါတယ်ကိုယ်တိုင်စိတ်ကြိုက်ရွေးယူပေါ့manberများအတွက်ကျနော်ပြုလုပ်နည်းကိုapkလုပ်ပြီးတင်ပေးလိုက်ပါတယ်သဘောပေါက်ပါလိမ့်မယ်အဆင်ပြေပါစေ
 

                     



        ***ရေးနည်းApkအားဒေါင်းယူရန်***


                   DOWNLOAD


     ***စာလုံးရေးရန်ဤ: Link ကိုအရင်နိပ်ပါ***


         ***LogoMakerအာဒေါင်းယူရန်***


                      DOWNLOAD



သူများဖုန်းတွေလိုလဲဘားတန်းပေါ်မှာကိုယ့်ကြိုက်တဲ့နာမည်လေးရေးချင်တယ်ဒါပေမယ့်ကိုယ့်ရဲ့ဖုန်းကလဲrootမဖေါက်ရသေးဘူးသူများဖုန်းတွေလိုရေးလို့ရမဲ့softwareလေးလာပါပြီrootလဲမလိုပါဘူးဘားကအစiphoneဒီဇိုင်းဘားပြောင်းသွားပါလိမ့်မယ်မိုက်တယ်နော်...

         ***ဒေါင်းယူရန်ဤစာတန်းကိုနိုပ်ပါ***

ကိုယ့်ရဲ့ပုံတွေကိုမီးဒီဇိုင်းနဲ့အလှဆင်ချင်တဲ့manberများအတွက်ပါဒီဇိုင်းတွေအများကြီးပါတယ်လန်းလန်းလေးမှကလိချင်တဲ့သူတွေဒေါင်းသွားပေါ့နော်...



MM IT Helper မှ ကူးယူ၍ ပြန်လည်ဖော်ပြပါသည်..

ကျွန်တော်ဒီနေ့တော့ ဘလော်ဂါများရဲ့ ကိုယ်စား နည်းနည်းလောက်ပြောချင်ပါတယ်

ကျွန်တော်တို့ မြန်မာနိုင်ငံက အခြားနိုင်ငံတွေထက် အစစအရာရာ နောက်ကျခဲ့တဲ့အလျောက်

နည်းပညာ ပိုင်းမှာလည်း အရမ်းကို နှောင့်နှေးပါတယ် လက်ရှိအချိန်ထိပေါ့

အဲဒီလို နည်းပညာပိုင်းအားနည်းမှုတွေကြောင့် တကယ်တော်သူတွေ

တကယ်ထက်မြက်သူတွေက မြန်မာနိုင်ငံမှာ အလုပ်မလုပ်ကြပါဘူး

သူတို့ ပညာနဲ့ တန်မယ့် လခကို ယူဖို့အတွက် အခြားသောတိုင်းပြည်ကို

ထွက်သွားကြပါတယ် ဒါပေမယ့် မြန်မာလူမျိုးတွေကိုတော့ သူတို့ တိုးတက်စေချင်ကြပါတယ်

ဒါကြောင့် သူတို့ သိတာလေးတွေကို မသိတဲ့သူတွေအတွက် ဝေမျှဖို့

blog တွေလုပ် website တွေ ရေး Facebook မှာ Group တွေဖွဲ့ပြီးတော့

လုပ်ပေးကြပါတယ်။ ဒါက သူတို့ရဲ့ အချိန်တွေတစ်စွန်းတစကို အခြားသူတွေအတွက်

ပေးဆပ်နေတာပါ မြန်မာပြည်ကနေဘလော့ရေးနေသူတွေလည်း အများကြီးပါ

လိုင်းကောင်းလို့ ဘလော့ရေးသူတွေရှိသလို လိုင်းမကောင်းပေမယ့်

မရရအောင် ဖုန်းဘေတွေအကုန်ခံပြီး အချိန်တွေ အကြာကြီးပေးဆပ်နေသူတွေလည်း

ကျွန်တော်အပါအ၀င်အများကြီးပါ နိုင်ငံခြားက ဘလော့တင်သူတွေက အင်တာနက်လိုင်းကောင်း

တော့အဆင်ပြေကြတယ် ငွေကြေးလည်း သိပ်မကုန်ကျပါဘူး။။
ကျွန်တော်တို့ကျတော့ ကောင်းတစ်ခါ မကောင်းတစ်လှည့်နဲ့

ရေးနေကြတာပါ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်သိတာလေးတွေကို အများကို မျှဝေစေချင်တဲ့

ဆန္ဒတွေနဲ့သာ လျှောက်လှမ်းနေကြတာပါ အဲဒီအတွက် ကျွန်တော်တို့မှာ

အချိန်တွေ ငွေကြေးတွေ အများကြီးရင်းနှီးထားရပါတယ်။ ကိုယ်ပိုင်အချိန်အချို့ကိုတောင်
လျစ်လျူရှုထားရပါတယ် .. ဒါက စေတနာတွေပေါ့

ဒါဆို ကျွန်တော်တို့ရော ဘာပြန်ရသလဲ ငွေမရပါဘူးဗျာ ဘလော်ဂါတိုင်းကိုမေးကြည့်ပါ
အခုအချိန်ထိ ဘလော့ကနေ ငွေဘယ်လောက်ရပြီးပြီလဲလို့

ငွေရဖို့ဒီအလုပ်တွေလုပ်နေတာမဟုတ်ပါဘူး ဒါပေမယ့် website ပေါ်မှာ

ကြော်ငြာတင်တာလေးတွေခေတ်စားတော့ မိမိဆိုဒ်လေးတွေ ဘလော့လေးတွေကို

အထိုက်အလျှောက်ကြော်ငြာလေးတွေ သွင်းထားခဲ့ကြတယ်

ငါတို့အတွက်တင်ပေးနေလို့ donate လေး လစဉ်လုပ်မယ်လို့လည်း
ပြောမယ့်သူတွေမရှိပါဘူး မရလို့ပြောတာမဟုတ်ပါဘူး ကျွန်တော်တို့မှာ
ဘာမှမရဘူးလို့ပြောချင်တာပါ ။။ ဘာမှမရရင်နေပါ ကျွန်တော်တို့တင်ပေးတာလေး
တွေ ထဲက မိမိအတွက် တစ်ခုခုလောက် အသုံးဝင်မယ် တစ်ခုခုလောက်ပိုသိသွားရင်ပဲ
ကျွန်တော်တို့ကျေနပ်လှပါပြီ။ နောက်ပြီး ရင်းနှီးမှုတွေ ပိုရလာတယ်။
အွန်လိုင်းပေါ်မှာ မိတ်ဆွေတွေ ပေါများလာတယ် ။ ဒါတွေက
ကျွန်တော်တို့အတွက် အမြတ်တွေပါ ငွေရတာမရတာ အသာထား
ဒီလိုမျိုး ခင်မင်ရင်းနှီးမှုရတာတွေက တကယ့်ကို ပျော်ရွှင်စေတာပါ
မိမိဘလော့လေး လူဝင်များနေရင် ကြိတ်ပီး ပီတိဖြာနေသူပါ။။
ကော်ပီပို့စ်တင်တယ်လို့ အချို့သူတွေက ဘလော်ဂါတွေကို
ပြောကြပါတယ် ဟုတ်ပါတယ် အားလုံးက copy တွေပါ
ဘယ်သူက စဦး တီထွင်ခဲ့လို့လဲ ကိုယ့်ဆိုဒ်မှာတင်ထားတာတွေက
ကျွန်တော်တို့ကိုယ်တိုင် တီထွင်ခဲ့တဲ့ ဆော့ဝဲတွေလား
နည်းပညာတွေလား မဟုတ်ပါဘူး ဒီလိုပဲ တစ်ဆင့်ခြင်း လက်ဆင့်ကမ်း
ယူလာခဲ့ကြတာပါ ဘယ်လိုပဲဖြစ်ဖြစ် ကော်ပီတင်သူလည်း
သူ့မှာအချိန်တွေတော့ ပေးဆပ်ရတာပါပဲ ။။ ဒါလေးတော့ သိစေချင်ပါတယ်ဗျာ။
ကျွန်တော် အဓိကပြောချင်တာကတော့ အွန်လိုင်းမှာ ဘလော့ရေးနေတာ
အားယားနေလို့မဟုတ်ကြပါဘူး ကိုယ်ပိုင်အလုပ်တွေရှိကြပါတယ်။
အဲဒီလူတွေရဲ့ စေတနာကို ကျေးဇူးမတင်ရင်နေပါ မစော်ကားကြပါနဲ့
မြန်မာစကားပုံလိုပေါ့ " ကျေးဇူးမတင်ဖင်လှန်ပြ" ဆိုသလိုတော့
မလုပ်ကြပါနဲ့ အဲဒီပြဿနာတိုင်းက ဘလော်ဂါတွေခံစားရပါတယ်
အချို့သူများဆိုလျှင် အဲဒီအရာတွေကို စိတ်နာပြီး ဘလော့တောင် မရေးကြတော့ပါဘူး။
အားလုံးရဲ့ ကိုယ်စားကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။
မိမိအတွက် တစ်စုံတစ်ခုမှမရရင်နေပါ မဆဲပါနဲ့ရိုင်းဆိုင်းတဲ့
စကားမျိုးတွေ မပြောကြပါနဲ့ တစ်ခါ ကျွန်တော့် page လေးမှာ
windows 8 မှာ screen shot အလွယ်ရိုက်နည်းလေးတင်ပေးဖူးပါတယ်
အောက်မှာ လူတစ်ယောက် ကော်မန့်တက်လာတယ်
"အခုမှ လာဟောင်နေတယ် ဒီကဖြင့်ရိုက်လွန်းလို့ ကီးဘုတ်ခလုတ်တွေတောင်ပျက်နေပီ"
တဲ့ သူ့စကားက မဆဲပေမယ့် စော်ကားသလိုဖြစ်နေပါတယ် 
ကျွန်တော်သူတစ်ယောက်တည်းအတွက် တင်ပေးနေတာမဟုတ်ပါဘူး
မသိသူတွေ အများကြီးရှိကြပါတယ် မိမိက သိနေတယ်ဆိုရင်
အဲဒီရေးသားသူတွေရဲ့ ဘလော့တွေ pageတွေgroupတွေကို ၀င်မကြည့်ပါနဲ့
ကိုယ်နဲ့မှ မဆိုင်တာ ကိုယ့်လောက်မသိသူတွေ ရေးနေတဲကဘလော့ကို
ကိုဝင်ကြည့်စရာမလိုဘူးလေ အဲလိုပဲနေပေးပါ ၀င်ကြည့်ပြီး
အပစ်ကြီးပဲ ဆိုမယ်ဆိုရင် လူတိုင်းမှာ အပြစ်တွေတစ်ပုံကြီးပါ
အဲဒီအပြစ်တွေပြောသူတွေကရော တကယ်အပြစ်ကင်းကြတယ်ပေါ့
ဘယ်လိုပဲဖြစ်ဖြစ် မိမိက သူများလိုမလုပ်နိုင်ရင်နေပါ
လုပ်ပေးနိုင်သူတွေကို မစော်ကားပါနဲ့လို့ အွန်လိုင်းမှာ
မျှဝေနေသူတွေ အားလုံးရဲ့ ကိုယ်စားကျွန်တော် အောင်ကျော်ကျော်ကပဲ
တောင်းပန်ပါရစေခင်ဗျာ။။
~~~~~~~~~~~~~~ 
ဒီပို့စ်လေးကို မိမိတတ်နိုင်သလောက် ပြန်ရှယ်ပေးပါခင်ဗျာ
~~~~~~~~~~~~~~~

Credit:အောင်ကျော်ကျော်

E-mail ဆိုတာ ဘာလဲ ...
အဲဒါလေး သိခြင်းအားဖြင့် အများကြီး အကျိုး ရှိပါတယ်။ အမြင်မှား အတွေ့အကြုံ့အမှားတွေ မရှိတော့ပဲ ပညာရပ်တွေကို မှန်မှန်ကန်ကန်မြင်နိုင်လာပြီး၊ မကြာခင်မှာပဲ ကို ကိုယ်တိုင် ပညာရပ်ရဲ့ အကျိုးကို ခံစားရမဲ့အပြင်၊ ပညာများ ဆက်လက်လေ့လာရာမှာလဲ အများကြီး အထောက်အကူပြုမယ် ထင်ပါတယ်ခင်ဗျာ။
Electronic Mail ကို ဆိုလိုပါတယ် ....
Mail ဆိုတဲ့ စာပို့ စာယူလုပ်တဲ့ Process (ယခုမြန်မာ့ဆက်သွယ်ရေးကလုပ်ကိုင်နေသော) တစ်ခုလုံးကို Electronic နည်းအားဖြင့် စာပို့/စာယူလုပ်ခြင်း အဓိပ္ပါယ်ရပါတယ်။
စာပို့စာယူဘယ်လိုလုပ်မလဲ .. စာရေးမယ်၊ လိပ်စာရေးမယ်၊ စာတိုက်မှာ ထည့်လိုက်တာနဲ့ ကိုယ်ပို့ချင်တဲ့ လူဆီကို ရောက်ရှိသွားမှာဖြစ်ပါတယ် အကယ်၍ မရောက်ခဲ့ဘူးဆိုရင် အဲဒီစာက ကိုယ်ဆီ ပြန်လာမှာပေါ့ ခင်ဗျာ။
Electronic Mailing System (E-Mail) မှာလဲ 
အဲဒါမျိုးပါပဲ အဓိကအားဖြင့် သုံးခန်း ရှိပါတယ်။
(၁) စာပို့တဲ့အခန်း (Compose, Create Mail, New Mail ) 
(၂) စာဝင်တဲ့အခန်း (Inbox)
(၃) စာဖတ်တဲ့အခန်း
------------------------------------------------------------------------------------------
စာပို့တဲ့အခန်းထဲမှာ ပါနိုင်တာတွေကတော့ 
To - သို့ (အပြင်မှာဆိုရင် ကိုယ်ပို့ချင်တဲ့လူရဲ့ နေရပ်လိပ်စာ ဒီမှာတော့ Email လိပ်စာပေါ့ နမူနာ blackwhitecompany@gmail.com) (Mailing List ဆိုတာ သိရမယ်)
CC- မိတ္တူကို
BCC- လိပ်စာမပေါ်အောင် မိတ္တူပို့တာ
Attachement - စာနဲ့အတူတူ တွဲလျက်ပို့ချင်တဲ့ ပစ္စည်း ပုံ၊ doc ၊ software စသဖြင့်ပေါ့ ခင်ဗျာ
Draft - Save - ရေးနေရင်းနဲ့ ပျောက်ပျက်သွားမှာစိုးလို့ ခေတ္တသိမ်းထားတာပေါ့ဗျာ
Send - ပို့မယ်ဆိုတဲ့ ခလုပ်ပေါ့ဗျာ
------------------------------------------------------------------------------------------
စာဝင်တဲ့အခန်းထဲမှာပါနိုင်တာကတော့ 
စာတွေကို ဖျက်မယ် - delete လုပ်မယ်
စာတွေကို ဖိုင်ခွဲမယ် - Organize လုပ်တာပေါ့၊ Label ပေးတာပေါ့ဗျာ (အရေးကြီးတဲ့ ဖိုင်ဆိုရင် ဘာ၊ လုပ်ငန်းဖိုင်ဆိုရင်ဘာ၊ ဟိုလူရှိက ဖိုင်ဆိုရင် ဘာ စသဖြင့်ပေါ့ ) 
မကြာခဏ ပို့နေတဲ့ မေးလ်တွေကို spam သို့ junk file တွေလို့ ခေါ်တယ် ခင်ဗျာ ။ တစ်ချို့ ကြော်ငြာမေးလ်တွေ နေ့တိုင်း ၀င်နေရင် spam အဖြစ် ကြော်ငြာလိုက် အဲဒါ Spam Folder ထဲ ရောက်သွားရော်.. တစ်ခါတစ်လေ Mail Server တွေက သူအလိုလို စစ်ပေးနိုင်တယ်။
-------------------------------------------------------------------------------------------
စာဖတ်တဲ့အခန်း ထဲမှာပါနိုင်တာကတော့ 
ဘယ်သူဆီက ပို့တာလဲ အဲဒါက သေချာကြည့်ရမယ်ဗျ...(တစ်ခါတစ်လေ ကိုယ်သူငယ်ချင်းရဲ့ နာမည်ကို ယူပြီး မေးလ်တွေ ၀င်လာတတ်တယ်ဗျ မသိတဲ့လူတွေ အတွက်ကတော့ တစ်ကယ်ကိုယ် Shot ပါပဲ ဗျာ)
ကိုယ်ကို ဘယ်နေရာမှာ ထားတာလဲ ဒါလဲ အရေးကြီးတယ်ဗျ.. (တစ်ခါတစ်လေ ကိုယ်လိပ်စာမပါဘဲ မေးလ်ရောက်လာရင် အဲဒါကိုယ်ကို BCC မှာ ထားပို့လိုက်တာဗျ ဆိုလိုတာက အခြားသူတွေ့ မသိအောင် ပို့တာဗျ။ အဲဒီအခါမျိုးမှာ Reply All မလုပ်သင့်ဘူးခင်ဗျ)
Reply- ပို့တဲ့လူဆီကို စာပြန်တာ
Reply all- ပို့တဲ့လူနဲ့ ပါတဲ့လူတွေ အားလုံးကို စာပြန်တာ
Forward - လက်ဆင့်ကမ်းတာခင်ဗျာ (ကိုယ်ဆီပို့လိုက်တဲ့စာကို အခြား တစ်ယောက်ဆီကို မျှဝေတာပေါ့ဗျာ)
-------------------------------------------------------------------------------------------
ဒါတွေကတော့ မေးလ် တစ်ခုမှာပါတဲ့ အခြေခံ တွေပဲ ဗျ. ဒါလောက်တော့ သိနေသင့်တယ် ခင်ဗျာ။
ပြောဖို့ မေ့သွားတယ် မေးလ်မှာ (၂) မျိုးရှိတယ် ခင်ဗျာ (Software Based Mail(eMail By using Client Software) နဲ့ Web based Mail)
ကျွန်တော်တို့ ခုသုံးနေတာ ဘာမေးလ်တွေလဲ သိကြလားဗျ........................? Gmail တို့ ၊ Yahoo Mail တို့ တော့ မဖြေလိုက်ပါနဲ့ဗျာ...
ကျွန်တော်တို့ ခုသုံးနေတာကတော့ များသောအားဖြင့် ကျွန်တော်တို့ က Web Browser ကနေ ခေါ်ရတဲ့ Web based Mail တွေကို သုံးကြပါတယ် ခင်ဗျာ။ (Client Based Mail ကတော့ ပို့စ်တစ်ခု ရေးပါမယ် ခင်ဗျာ)
-------------------------------------------------------------------------------------------
ခုရေးချင်တာက Email တွေမှာ ပါနေတဲ့ ဒါတွေက ဘာတွေလဲ ဆိုတာပါ။

အဲအောက်မှာရေးထားတဲ့ Application ဆိုတာကျတော့ yahoo ကုမဏီက ၀န်ဆောင်မှုပေးထားတဲ့ ဟာတွေ မဟုတ်ဘဲ အခြား ကုမ္ပဏီတွေက yahoo မေးလ်နဲ့ ပေါင်းစပ်ပြီးတော့ Yahoo မေးလ်တွေကို ပိုအသုံးဝင်အောင် ပြုလုပ်ပေးထားတဲ့ အရာတွေ ဖြစ်ပါတယ်ခင်ဗျာ။
(gmail မှာ ဆိုရင် google lab နဲ့တူတယ်ဗျ အဲဒီအထဲမှာ ဒီထက်တောင် များသေးတယ် မေးလ်တွေကို ကာလာချယ်တာတို့ ၊ organize လုပ်တာတို့ အစုံကို သုံးလို့ ရတယ်)
အောက်မှာပေးထားတဲ့ All My Purchases ဆိုတာ Slice ကုမ္ပဏီကထုတ်တဲ့ Application လေးဖြစ်ပါတယ်ခင်ဗျာ
သူရဲ့ လုပ်ဆောင်ပုံကတော့ ကျွန်တော်တို့ရဲ့ ငွေပေးချေမှုတွေကို လုပ်တဲ့အချိန်မှာ ကျွန်တော်တို့ ဆီကို receipts တွေကို မေးလ်ပို့ထားတာတွေ ရှိပါတယ် အဲဒါတွေကို Collect လုပ်ပြီး Organize လုပ်ပေးတဲ့ Email Plugin လေးပါပဲ။

(အဲဒီ application မသုံးဘူးဆိုရင် ကျွန်တော်တို့က တစ်ခုဆီလိုက်ပြီး Label ပေး၊ Organize လုပ်ပေးနေရပါမယ်။ သူက ဒါကို လုပ်ဆောင်တာပါ) 
ဝမ်းနည်းစရာကောင်းတာက အဲဒီ Application က Yahoo Mail ကနေ ... ဖြုတ်တော့ပါမယ်..  

-------------------------------------------------------------------------------------------
Automatic Organizer ဆိုတာကတော့ Yahoo Mail တွေကို .. Automatic Organize လုပ်ပေးတဲ့ Applicatoin ပါ။
-------------------------------------------------------------------------------------------
Calender ဆိုတဲ့ Application ဆိုတာကတော့ ကျွန်တော် Event တွေ မှတ်ထားတဲ့ နေရာဖြစ်ပါတယ် ခင်ဗျာ။
-------------------------------------------------------------------------------------------
Unsubscriber ဆိုတာကတော့ သူထဲကို မေးလ်တစ်ခု ထည့်ပေးလိုက်ရင် အဲဒီမေးလ်ပို့တဲ့လူရဲ့ မေးလ်အတွက် . ကျွန်တော်တို့ စိတ်ပူစရာမလိုတော့ ဘူး ၊ ပြသနာ မရှိတော့ဘူးလို့ ဆိုလိုတာပါ။

လွယ်လွယ်ကူကူပြောရရင် Spam Folder နဲ့ တူပါတယ်ဗျာ။ 
-------------------------------------------------------------------------------------------
Gmail Lab အခန်းမှာကြတော့ အဲဒါမျိုးတွေ အများကြီးပဲဗျ။

http://lhtaik.blogspot.com/2013/08/email.htm


  Credit:MyartKo

နည်းလမ်းဟောင်းလေးတွေပါ

SAMSUNG အတွက် လျို့ဝှက် code များ
****************************
မှတ်ချက် ။ ။ အချို့ code များသည် အခြားဖုန်းများတွင်အသုံးပြုနိုင်သည်။ Model မတူသည့်အတွက် အချို့ code များလည်းအသုံးပြုလို့မရနိုင်ပါ။

ဖုန်းထဲသို့ code ထည့်၍ ဖြစ်ပေါ်လာသော ဖျက်စီးမှုကို လုံးဝလုံးဝ တာဝန်ယူမည် မဟုတ်ပါ။

*#06# 
IMEI နံပါတ်ကိုဖော်ပြပေးသည်။

*#*#4636#*#*
ဖုန်းမှာ အသုံးပြုထားသော အချက်လက်တွေကို စစ်လို့ရသည်။
Device, Battery, Usage, WiFi အစရှိသော ...

*#*#34971539#*#*
သင့် Camera အကြောင်းကိုအသေးစိတ်ဖော်ပြပေးလိမ့်မည်။

*#*#273283*255*663282*#*#*
မင်းရဲ့ Media ဖိုင်တွေကို အမြနှ်ဆုံး Backup လုပ်ပေးသည်။

*#*#0*#*#*
LCD Display ကိုစမ်းသပ်စစ်ဆေးရန် အသုံးပြုသည်။

*#*#0289#*#*
အသံ ကိုစမ်းသပ်စစ်ဆေးရန် အသုံးပြုသည်။

*#*#197328640#*#*
Enabling test mode for service activity.

*#*#0283#*#*
Packet Loopback Test.

*#*#0842#*#*
Vibration & Backlight ကိုစမ်းသပ်စစ်ဆေးရန် အသုံးပြုသည်။

*#*#1234#*#*
ကိုယ်သုံးထားသော firmware ဧ။် အချက်လက်ကို ဖော်ပြပေးသည်။

*#*#1575#*#*
GPS ကိုစမ်းသပ်စစ်ဆေးရန် အသုံးပြုသည်။

*#*#2663#*#*
Touch-Screen ရဲ့ version ကြည့်ရန်

*#*#2664#*#*
Touch-Screen ကိုစမ်းသပ်စစ်ဆေးရန် အသုံးပြုသည်။

*#*#0588#*#*
ထိတွေ့မှု sensor ကိုစမ်းသပ်စစ်ဆေးရန် အသုံးပြုသည်။

*#*#3264#*#*
RAM ရဲ့ version ကြည့်ရန်

*#*#232331#*#*
Bluetooth ကိုစမ်းသပ်စစ်ဆေးရန် အသုံးပြုသည်။

*#*#232337#*#* (or) *#232337#
bluetooth ရဲ့ လိပ်စာကိုပြပေးသည်။

*#*#232338#*#*
WiFi ရဲ့ MAC လိပ်စာကိုပြပေးသည်။

*#*#232339#*#*
Wireless LAN ကိုစမ်းသပ်စစ်ဆေးရန် အသုံးပြုသည်။

*#*#1111#*#*
ဖုန်း၏ FTA software version ကိုဖော်ပြပေးသည်။
Galaxy S III - *#*#1111#

*#*#2222#*#*
ဖုန်း၏ FTA hardware version ကိုဖော်ပြပေးသည်။
Galaxy S III - *#*#2222#

*#*#44336#*#*
Build Time နှင့် Change List နံပါတ်တွေကို ပြပေးသည်။

*2767*4387264636#
Product Code ကိုဖော်ပြပေးသည်။

*#12580*369#
ဖုန်း Software နှင့် Hardware အချက်အလက်ကို ပြပေးသည်။

*#0228#
Battery အခြေအနေ ကိုဖော်ပြပေးသည်။

*#32489#
Ciphering INFO.

*#0782#
အချိန်အမှန် ကို စမ်းသပ်စစ်ဆေးရန်

*#2263#
RF BAND Selection.

*#9090#
ချွတ်ယွင်းချက်ကို စမ်းသပ်စစ်ဆေးရန်

*#7284#
USB I2C Mode ထိန်းချုပ်မှု

*#872564#
USB LOGGING ထိန်းချုပ်မှု

*#745#
RIL DUMP Menu.

*#746#
DEBUG DUMP Menu.

*#9900#
SYSTEM DUMP Mode.

*#03#
NAND FLASH Serial Number.

*#0589#
အလင်း sensor ကိုစမ်းသပ်စစ်ဆေးရန် အသုံးပြုသည်။

*#273283*255*3282*#
DATA CREAT Menu.

*#3282*727336*# 

ဖုန်းအသုံးပြုထားသော အခြေအနေ ကိုကြည့်ရန်

*#3214789#
GCF Mode Status.

*#8736364#
OTA Update Menu.

*#301279#
HSDPA HSUPA Control Menu.

*#7353#
အမြန် စမ်းသပ်စစ်ဆေးရန် Menu.

*#7465625#

ဖုန်းရဲ့ lock အခြေအနေကို ကြည့်ရန်

အန္တရာယ် ရှိသော code များ !
*#*#7780#*#* (Factory Resets)
Google account settings , (System နှင့် download လုပ်ထားသော app) တို့ ရဲ့ data နှင့် setting ကို ဖျက်ပစ်သည်။
လက်ရှိအသုံးပြုနေသော system နှင့် app တို့ဧ။် packages , sdcard ထဲမှ (သီချင်း ၊ ပုံ ၊ ...) အစရှိသော file များကို မဖျက်ပါ။

*2767*3855# (Factory Format)
ရှိသမျှ files, settings, Internal Menory Storage ကိုဖျက်ပစ်သည်။

Credit >> All

 hatter(ချက်တာ) နှင့် Blogger (ဘလော့ဂါ)
ပထမဦးဆုံးအနေနဲ့ ဒီခေါင်းစဉ်လေးထဲက စကားလုံးနှစ်ခုဖြစ်တဲ့ Chatter (ချက်တာ) နဲ့ Blogger (ဘလော့ဂါ) တို့ရဲ့ အဓိပ္ပါယ်ကို အရင်ဆုံးရှင်းဖို့ လိုမယ်ထင်ပါတယ်။ Chatter ဆိုတာ Internet သုံးတဲ့ အချိန်တွေထဲက တော်တော်များများကို online ပေါ်မှာရှိတဲ့ mIRC, Gtalk, Skype, vzochat စတဲ့ Chatting Software တွေကို သုံးပြီး မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ မိဘဆွေမျိုးတွေ၊ ဘယ်ကမှန်းမသိတဲ့သူတွေနဲ့ စကားစမြည် ဟိုဟိုဒီဒီ ပြောခြင်းနဲ့ ကုန်လွန်စေတဲ့သူတွေကို ဆိုလိုပါတယ်။ Blogger ဆိုတာကတော့ Internet သုံးတဲ့ အချိန်တွေထဲက အများစုကို Blog (Web log) လို့ ခေါ်တဲ့ Online Diary လေးတွေ ရေးသားကြတဲ့နေရာမှာ အသုံးပြုကြတဲ့သူတွေကို ဆိုလိုပါတယ်။ အခု ဒီနေရာမှာ အဓိကပြောချင်တာကတော့ Chatter (ချက်တာ) တစ်ယောက်နဲ့ Blogger (ဘလော့ဂါ) တစ်ယောက်ရဲ့ စိတ်နေစိတ်ထားတွေ၊ အရည်အသွေးတွေသူတို့ကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး ဘယ်လိုဘယ်ပုံ ကွာခြားသွားတယ်ဆိုတဲ့ အချက်ကိုပဲ ဖြစ်ပါတယ်။
ဒါကိုပြောဖို့အတွက် ပထမဆုံးအနေနဲ့ Chatter တွေ ကျင်လည်ကျက်စားတဲ့ Chatting Website တွေရဲ့ သဘောသဘာဝနဲ့ Blogger တွေ ကျင်လည်တဲ့ Blog တွေရဲ့ သဘောသဘာဝတို့ကို ကျွန်တော်တို့အနေနဲ့ အရင်ဆုံးသိထားဖို့ လိုပါလိမ့်မယ်။ Chatter တွေရဲ့ ကျင်လည်ရာပတ်ဝန်းကျင်လို့ ပြောလို့ရတဲ့ Chatting Website တွေရဲ့ အကြောင်းကို စပြီးလေ့လာကြည့်ပါမယ်။ Chatter အများစုရဲ့ အဓိကကျင်လည်ရာဟာ mIRC ပါလို့ ပြောလို့ရပါတယ်…။ mIRC ထဲမှာမှ မြန်မာတွေ အသုံးအများဆုံးကတော့ Ygn chat ဆိုတဲ့ chat room (ချက်ရွမ်း)ပဲ ဖြစ်ပါတယ်။ ကိုယ့်နာမည်အရင်းကို သုံးစရာမလိုဘဲ နာမည်ပြောင်(nickname) တစ်ခုကို ကိုယ့်ရဲ့စကားဝှက် (password) တစ်ခုနဲ့ တည်ဆောက်လိုက်မယ်ဆိုရင် mIRC ထဲမှာရှိတဲ့ chat room တွေထဲက chatter တွေများစွာနဲ့ ကြိုက်သလို စကားပြောလို့ ရသွားပါတယ်။ သူကလဲ သူ့ nick နဲ့ဝင်၊ ကိုယ်ကလဲ ကိုယ့် nick နဲ့ဝင် တစ်ယောက်အကြောင်းလဲ တစ်ယောက်မသိ၊ တစ်ယောက်ကိုတစ်ယောက်လဲ မြင်ရနိုင်တာ မဟုတ်တဲ့အတွက် အဲဒီအထဲမှာ ကြိုက်တဲ့စကားလုံးကို ကြိုက်သလို ရေးနိုင်ပါတယ်။ ကိုယ်ရေးလိုက်တဲ့ စကားအတွက်လည်း ကိုယ်က တာဝန်ယူစရာ မလိုပါဘူး…။ mIRC အသုံးများတဲ့ Chatter တွေဟာ အပြင်လောကမှာလည်း စကားကို လက်လွတ်စပယ် ပြောတတ်လာပါတယ်။ လိမ်ရမှာ၊ ညာရမှာကို ရှက်တဲ့ ကြောက်တဲ့ စိတ်တွေလည်း ခေါင်းပါးလာပါတယ်…။ အစစအရာရာကို ပေါ့ပေါ့တွေးပြီး ကိုယ့်စကား၊ ကိုယ့်လုပ်ရပ်၊ ကိုယ့်အပြုအမူတွေနဲ့ ပတ်သက်ပြီး တာဝန်ယူမှု၊ တာဝန်သိမှုတွေ မရှိသလောက်ကို ဖြစ်လာတတ်ပါတယ်…။ ဒါဟာ chatting ပတ်ဝန်းကျင်ထဲမှာ အနေများတဲ့အတွက် အဲဒီအထဲကနေ ကိုယ့်ရဲ့စိတ်ထဲကို ကူးစက်လာတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။
Blogger (ဘလော့ဂါ)တွေကတော့ Blog (ဘလော့ဂ်) ရေးကြပါတယ်။ www.blogger.com မှာ gmail account ကို သုံးပြီး Blog (ဘလော့ဂ်) တစ်ခုကို တည်ဆောက်ရယူနိုင်ပါတယ်။ Blog တစ်ခု ဖန်တီးတည်ဆောက်ဖို့ဆိုတာ chat room တွေထဲမှာလို account တစ်ခုလုပ်ပြီး ၀င် chat ရတာလောက် မလွယ်ကူဘူးဆိုတာ သေချာပါတယ်။ ဘလော့ဂ်ဆိုတာ တွေ့ကရာလူတွေနဲ့ ထွေရာလေးပါး ပြောနိုင်တဲ့ နေရာတစ်ခု မဟုတ်ပါဘူး…။ ဘလော့ဂါတစ်ယောက်ရဲ့ ပတ်ဝန်းကျင်မှာ ချက်တာတစ်ယောက်ရဲ့ ပတ်ဝန်းကျင်ထဲကလို ဘယ်ကမှန်းမသိတဲ့သူတွေ မရှိပါဘူး။ အ,လာပ သ,လာပ အရည်မရ အဖတ်မရ စကားလုံးတွေ မရှိပါဘူး…။ ဘလော့ဂါတစ်ယောက်ရဲ့ ပတ်ဝန်းကျင်မှာ သူခင်တဲ့သူငယ်ချင်းတွေ၊ သူရေးထားတဲ့စာလေးတွေကို ဖတ်ရှုအားပေးကြတဲ့ သူ့ရဲ့စာပေမိတ်ဆွေတွေ၊ သူတင်ထားတဲ့ ဓါတ်ပုံလေးတွေ၊ သူ့ရဲ့ဘ၀အတွေ့အကြုံလေးတွေကို မျှဝေခံစားကြမယ့် ခံစားချက်ညီသူတွေ ရှိကြပါတယ်။ ဘလော့ဂါအများစုရဲ့ ဘလော့ဂ်မှာ သူတို့ရဲ့ အထ္တုပ္ပတ္တိအကျဉ်းကို ဖော်ပြထားကြပါတယ်။ သူ့ရဲ့နာမည်အရင်း၊ သူ့ရဲ့ဓါတ်ပုံ စတာတွေကို အမှန်အတိုင်းကို ဖော်ပြထားကြတာကို တွေ့ရပါမယ်။ အဲဒီလိုတင်ထားကြတာဟာ သူတို့ ဒီစာမျက်နှာတွေပေါ်မှာ တင်လိုက်တဲ့ စာ၊ ဓါတ်ပုံ၊ ပန်းချီ စတာတွေအတွက် သူတို့ အပြည့်အ၀ တာဝန်ယူရဲတယ်ဆိုတဲ့ စိတ်ဓါတ်ကြောင့် ဖြစ်ပါတယ်…။ ဒါကြောင့် ဘလော့ဂ်တွေရဲ့ စာမျက်နှာတွေပေါ်မှာ လိမ်တာ၊ ညာတာတွေ သိပ်မပါပါဘူး။ ရိုင်းစိုင်းကြမ်းတမ်းတာတွေ သိပ်မပါပါဘူး။ ဘလော့ဂါတွေအနေနဲ့လည်း ကိုယ်ရေးလိုက်တဲ့စာတွေအတွက် ကိုယ့်မှာ တာဝန်အပြည့်ရှိတယ်ဆိုတဲ့ အသိစိတ်ကြောင့် လက်လွတ်စပယ် မလုပ်တတ်ကြတာကို တွေ့ရပါတယ်။ ဘယ်နေရာမှာမဆို အကောင်းအဆိုးဒွန်တွဲနေတဲ့သဘောအရ ကိုယ့်ပရိုဖိုင်လဲမဖော်ပြရဲ၊ ကိုယ်ရေးတဲ့ စာတွေအတွက်လဲ ဘာဆိုဘာမှတာဝန်မယူရဲ၊ အလိမ်အညာတွေ ရိုင်းစိုင်းကြမ်းတမ်းတဲ့စကားလုံးတွေကိုလဲ သုံးစွဲဖို့ဝန်မလေးတတ်ကြတဲ့ ဘလော့ဂါအချို့ရှိပေမယ့် အရေအတွက်အားဖြင့် သိပ်မများ တာကိုတွေ့ရပါတယ်။ နောက်ပြီး ဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေကို လေ့လာကြည့်တဲ့အခါ ကိုယ်ဝါသနာပါရာ တစ်ခုခုကို လိုက်ပြီး ပုံစံလေးတွေ ကွဲပြားသွားတာကို တွေ့ရပါတယ်။ ရသစာပေကို စိတ်ဝင်စားတဲ့သူကလည်း သူဖတ်ဖူးခဲ့တာလေးတွေကို မျှဝေသလို သူရေးထားတာလေးတွေကိုလည်း တင်တတ်ပါတယ်။ သုတလိုင်းဘက်ကို စိတ်ဝင်စားတဲ့သူကလည်း သတင်းသဘောမျိုးလေးတွေကို အမြဲတမ်း တင်ပေးနေတတ်ပါတယ်။ တချို့ ဓါတ်ပုံဝါသနာပါသူတွေကလည်း ဓါတ်ပုံလေးတွေ တင်ကြပါတယ်။ ဘလော့ဂါတစ်ယောက် ဖြစ်လာတဲ့သူရဲ့ ရည်ရွယ်ချက်ဟာ ချက်တာတစ်ယောက်ရဲ့ mIRC ထဲမှာ ကျူမယ်၊ အဆင်ပြေရင် gmail တောင်းပြီး Gtalk ကနေ စကားပြောမယ်… ပြီးရင် Vzochat လေးသုံးပြီး webcam လေးနဲ့ မျက်နှာလေးပါ ကြည့်လိုက်မယ်… အဆင်ပြေရင် အပြင်မှာ ချိန်းတွေ့ကြမယ်…ဆိုတဲ့ ရည်ရွယ်ချက်ထက် နည်းနည်းလောက်တော့ မြင့်သွားတယ်ဆိုတာ သိပ်ကို သေချာပါတယ်။
နောက်တစ်ခုက အားစိုက်ထုတ်ရမှုအပိုင်းပါ…။ ချက်တာတစ်ယောက်ဖြစ်ဖို့ဆိုတာ သိပ်ကိုလွယ်လွန်းပါတယ်…။ ဘလော့ဂါတစ်ယောက် ဖြစ်လာဖို့ကတော့ စစခြင်းမှာ လုံလောက်တဲ့ အားတစ်ခုစိုက်ထုတ်ရသလို နောက်ပိုင်းမှာလည်း စဉ်ဆက်မပြတ်တဲ့ အားစိုက်ထုတ်မှုတစ်ခုကို ဆက်လုပ်ပေးနေဖို့ လိုပါတယ်။ လုပ်ချင်စိတ်တစ်ခုနဲ့ အားတစ်ခုစိုက်ထုတ်ရုံပဲလား ဆိုတော့လည်း မဟုတ်သေးပါဘူး…။ ချက်တာတစ်ယောက်ရဲ့ အဆင့်ထက် အများကြီးပိုမြင့်တဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်တတ်မြောက်မှုတွေ လိုပါသေးတယ်။ အနိမ့်ဆုံးဥပမာတစ်ခု ပေးရမယ်ဆိုရင်… chat room တွေထဲမှာ မြန်မာအသံထွက်ကို အင်္ဂလိပ်စာလုံးတွေသုံးပြီး Burglish လို ရိုက်လို့ရပေမယ့် ဘလော့ဂ်တွေထဲမှာတော့ Burglish နဲ့ ရေးထားတဲ့ဘလော့ဂ် လုံးဝမရှိပါဘူး…။ ရှိရင်လည်း ဘယ်သူမှ ၀င်ဖတ်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဘလော့ဂါတစ်ယောက်ဟာ သူ့ဘလော့ဂ်ကို အင်္ဂလိပ်လိုဖြစ်စေ၊ Zawgyi One ဆိုတဲ့ Font ကိုသုံးပြီး မြန်မာလိုဖြစ်စေ ရိုက်ပြီး တင်ကြရပါတယ်။ အင်္ဂလိပ်လိုပဲတင်တင်၊ မြန်မာလိုပဲတင်တင် လုံလောက်တဲ့ ကျွမ်းကျင်မှုတစ်ခုကိုတော့ မဖြစ်မနေရအောင် ယူကြရတာပါပဲ…။
နောက်တစ်ခုက chatter တစ်ယောက် chat room အပေါ် စွဲလမ်းမှုနဲ့ blogger တစ်ယောက် သူ့ရဲ့ဘလော့ဂ်ကို စွဲလမ်းမှုမှာ မတူညီတဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်။ ချက်တာတစ်ယောက် ချက်ရွမ်းတွေကို စွဲလမ်းသွားတာဟာ ဦးတည်ရာမရှိတဲ့ ပါးစပ်ဖျားက စကားလုံးတွေပေါ်မှာ သာယာတဲ့စိတ်ကြောင့် ဖြစ်ပါတယ်။ ဘလော့ဂါတွေရဲ့ ဘလော့ဂ်အပေါ် စွဲလမ်းမှုကတော့ နွေးထွေးတဲ့ ချစ်စဖွယ် သံယောဇဉ်တွေပေါ်မှာ အခြေခံပါတယ်။ ဘလော့ဂ်တွေမှာ ဘလော့ဂါနဲ့ လာရောက်ဖတ်ရှုကြသူတွေ အပြန်အလှန် စကားပြောလို့ရတဲ့ နေရာလေးတစ်ခုကို ဖန်တီးထားလို့ ရပါတယ်။ အဲဒါလေးကို Cbox လို့ခေါ်ပြီး မြန်မာဘလော့ဂါတွေကတော့ ဆီပုံးလို့ ချစ်စနိုး ခေါ်ကြပါတယ်။ နောက်ပြီး ကိုယ်တင်လိုက်တဲ့ ပို့စ်(post)တိုင်းရဲ့အောက်မှာလည်း စာဖတ်သူတွေအနေနဲ့ comment (ထင်မြင်ချက်)တွေ ၀င်ရေးပေးခဲ့လို့ ရပါတယ်။ အဲဒီအချက်လေးတွေကြောင့် ဘလော့ဂါတစ်ယောက်နဲ့ သူ့ရဲ့ဘလော့ဂ်ကို လာလည်ကြတဲ့သူတွေရဲ့ အကြားမှာ အပြန်အလှန် ဆက်နွယ်မှုလေးတစ်ခု စီးဆင်းနေတာကို တွေ့ရပါတယ်။ အဲဒါကြောင့် ဘလော့ဂါတစ်ယောက်ဟာ ဒီနေ့ သူ့ရဲ့ဘလော့ဂ်ကို ဘယ်သူများ လာလည်သွားသလဲ၊ ဘယ်သူတွေကများ ဘာတွေများ ၀င်ရေးသွားသေးသလဲ စတာတွေကို ၀င်ကြည့်… ကိုယ့်ကို နှုတ်ဆက်သွားသူတွေကိုလည်း ပြန်နှုတ်ဆက်… စတဲ့ အလုပ်တွေအတွက်နဲ့ ကိုယ့်ရဲ့ဘလော့ဂ်ကို စွဲလမ်းသွားတတ်ကြပါတယ်။ ဒါပေမယ့် ချက်တာတွေ ချက်ရွမ်းကိုစွဲလမ်းပြီး တစ်နေကုန်တစ်နေခမ်း အရေမရအဖတ်မရတွေနဲ့ စခန်းသွားနေချိန်မှာ ဘလော့ဂါတစ်ယောက်က ကိုယ့်ဘလော့ဂ်လေးကိုပြင်ဆင်မွမ်းမံ၊ ရေးချင်တာလေးတွေအသစ်ထပ်ရေး၊ ကိုယ့်ဆီ လာလည်ကြတဲ့သူငယ်ချင်းတွေကို ပြန်လည်နှုတ်ဆက်၊ အခြားကိုယ့်သူငယ်ချင်းတွေရဲ့ဘလော့ဂ်ကိုလိုက်လည်နဲ့ ကိုယ့်အတွက်လဲ အကျိုးမယုတ် သူများအတွက်လဲ အကျိုးရှိစေမယ့် အလုပ်တွေကို လုပ်နေတာ သေချာယှဉ်ကြည့်တဲ့အခါ တော်တော်လေးကိုကွာနေတာ တွေ့ရပါတယ်။
ချက်တာ (Chatter) တစ်ယောက်နဲ့ ဘလော့ဂါ(Blogger)တစ်ယောက် အဲဒီ့လို အဲဒီ့လို သူကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ ကွာခြားချက်တွေရှိနေတာမှန်ပေမယ့် … တကယ်တမ်း အင်တာနက်ကို ထဲထဲဝင်ဝင်သုံးစွဲနေကြတဲ့ လူငယ်တွေများစွာထဲက ၈၀ ရာခိုင်နှုန်းလောက်ဟာ ချက်တာ(Chatter) တွေပဲဖြစ်နေတာကို ၀မ်းနည်းစွာပဲတွေ့မြင်ရပါတယ်။ အခုဆိုရင် နိုင်ငံတစ်ကာက မြန်မာဘလော့ဂါတွေရဲ့အရေအတွက်ဟာ ၅၀၀ ကျော်လောက်ရှိလာပြီလို့ ခန့်မှန်းရတဲ့အတွက် တကယ်တမ်းလူဦးရေနဲ့ ယှဉ်ကြည့်တဲ့အခါ အင်မတန်မှကိုနဲနေသေးတာကို တွေ့ရပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖြစ်စေချင်နေတဲ့ ဆန္ဒကတော့ Chatting လောကကြီးထဲကို အင်တိုက်အားတိုက်နဲ့ပျော်ဝင်နေကြတဲ့ လူငယ်တွေအနေနဲ့ ဘလော့ဂါ (Blogger) တစ်ယောက်ရဲ့ဘ၀ကိုကူးပြောင်းစေချင်တာပဲဖြစ်ပါတယ်။ ဘလော့ဂ်ရေးတဲ့ ဘလော့ဂါ (Blogger) တစ်ယောက်ရဲ့ဘ၀ကို မရောက်သေးရင်တောင် ဘလော့ဂ်တွေလိုက်ဖတ်တဲ့ Blog Reader ဘ၀က ချက်တာတစ်ယောက်ရဲ့ ဘ၀ထက် ပိုမိုပြီး အကျိုးများနိုင်မယ်ထင်ပါတယ်။ မြန်မာဘလော့ဂ်တွေကို www.google.com က Goggle Search Engine မှာ Zawgyi-One Font နဲ့ရိုက်ထည့်ပြီးရှာကြည့်လို့ရပါတယ်။ နောက်ပြီး မြန်မာဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေကို တတ်နိုင်သလောက်စုစည်းထားတဲ့ ဆိုဒ်လေးတွေကို ညွှန်းရမယ်ဆိုရင်တော့www.mmblogdirectory.blogspot.com,www.myanmarblogsdirectory.blogspot.com,www.myanmarblogdirectory.blogspot.com ,www.myanmar-music.com/myanmarmusic/blogs.aspx , စတဲ့ နေရာလေး တွေပဲဖြစ်ပါတယ်။ ဘလော့ဂါတွေဟာ သူတို့ရဲ့ဘလော့ဂ်တွေမှာ အခြားသော ဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေနဲ့ လင့်ခ်ချိတ်ထားတဲ့အတွက် အဲဒီ့ လင့်ခ်တွေကနေတဆင့်လဲ သွားရောက်ဖတ်ရှုနိုင်ပါသေးတယ် …။ လူငယ်တွေအားလုံး ချက်တာ ဘ၀ကနေ ဘလော့ဂါဘ၀ကို ကူးပြောင်းနိုင်ကြပါစေဗျာ …။

Credit:ကိုနေဘုန်းလတ်

အပေါ်သို့