Romeo

.

.
မင်္ဂလာပါခင်ဗျားးး ခုလိုလာရောက်အားပေးတဲ့အတွက် ရိုမီယို(ရှာဖွေလေ့လာနည်းပညာ)} ဘလော့ဆိုဒ်မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ ကျွန်တော်ဘလော့ဆိုဒ်မှ ပို့စ်များအား မြန်မာ IT နည်းပညာတိုးတက်ရေးအတွက် မည်သူမဆို ပြန်လည်မျှဝေခွင့်ရှိပါတယ်ခင်ဗျား လာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ ညီအစ်ကိုမောင်နှမ အားလုံး ပျော်ရွှင်သောနေ့သစ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ ရန်ကုန် ယုဇနဥယာဉ်မြို့ေ​​​တာ်​​ph09781637230.email.romeo@basicittoshare.com

Safe Mode ​ဖြေရှင်းနည်း

ဖုန်းSafeMode ဝင်နည်း

ဖုန်းနည်းပညာသမားတွေအတွက် Safe Mode ဆိုတာလေးကို သိထားသင့်ပါတယ်။
မသိသေးတဲ့သူများအတွက်...လေ့လာကြည့်လိုက်ပါ။....

Android Devices တွေမှာ Safe Mode ကို ဘယ်လို ၀င်ရမလဲ?

Windows မှာလိုပဲ Android မှုာလည်း Safe Mode ကိုဝင်လို့ ရပါတယ်။ Android မှာ Safe Mode ကိုဝင်ရင် third-party applications တွေကို Disable လုပ်ပေးထားမှာ ဖြစ် ပါတယ်။

သင့် Android Device ကောင်းကောင်းအလုပ်မလုပ်တော့တဲ့ အခြေအနေမှာ Safe Mode ကနေ ပြဿနာတွေကို အဖြေရှာနိုင်ပါတယ်။ သင့် Android Device မှာ Apps တွေသုံးနေရင်းနဲ့ ပိတ်သွာတာတွေ၊ ဖုန်းလေးလံလာတာတွေ၊ Apps တွေအလုပ် ကောင်းကောင်းမလုပ်ဘဲ ရပ်နေတာတွေ၊ Battery ကြာရှည်စွာ အသုံးမခံတော့တာတွေ စတာတွေကို Safe Mode ကို ၀င်ပြီး အဖြေရှာနိုင်ပါတယ်။ Safe Mode ကိုဝင်ပြီးဖြစ် နေတဲ့ ပြဿနာတွေ ဖြစ်သေးလားဆိုတာ စမ်းသပ်ကြည့်ပါ။ Safe Mode မှာ ပြဿနာ တွေမဖြစ်တော့ ရင် Applications တွေကြောင့်ဖြစ်နိုင်ပြီး ပြဿနာရှိနိုင်တဲ့ Apps တွေ ကို Uninstall လုပ်နိုင်ပါတယ်။

Safe Mode ကို ၀င်ခြင်း။ Android 4.1 နဲ့ သူ့အထက်မှာ Safe Mode ကိုဝင်ဖို့ အ တွက် Power Options Menu ကိုမြင်တဲ့အထိ Power Button ကိုဖိထားပါ။
Power off option ကို ဖိထားပါ။ ဒါဆိုရင် Safe Mode ကို ၀င်မလားမေးပါလိမ့်မယ်။ OK ကိုနှိပ်ပါ။ Android Version အဟောင်းတွေမှာတော့ Power Button ကိုဖိပြီး ဖုန်း ကို ပိတ်ပါ။ Power Button ကိုဖိပြီးဖုန်းကို ပြန်ဖွင့်ပါ။ Power button ကို ဖိထားတာကို လွှတ်ပါ။ Logo ကို မြင်ရရင် Volume Up နဲ့ Volume Down buttons နှစ်ခုကို ပြိုင် တူဖိထားပါ။ Screen ရဲ့ ဘယ်ဘက်အောက်ခြေမှာ Safe Mode လို့ ပြနေတဲ့အထိ ဖိထား ရမှာဖြစ်ပါ တယ်။

Safe Mode မှာ ပြဿနာ တွေကို အဖြေရှာခြင်း
Safe Mode ကိုဝင်ပြီးရင် Screen ဘယ်ဘက်အောက်ခြေမှာ Safe Mode ဆိုတဲ့ စာ ကိုတွေ့ နိုင်ပါတယ်။ Safe Mode မှာ သင့် Android Device မှာ နဂိုပါလာတဲ့ Apps တွေကို ပဲသုံးလို့ ရမှာ ဖြစ်ပြီး သင် Install လုပ်ထားတဲ့ Apps တွေ၊ Widgets တွေကို Disable လုပ်ပေးထား မှာပါ။ သင့် ဖုန်းကို သာမာန်လိုပဲ အသုံးပြုကြည့်ပါ။ ပြဿ နာတွေဖြစ်သေးလားဆိုတာ စောင့်ကြည့်ပါ။ ပြဿနာတွေ မဖြစ်တော့ရင် သင် Install လုပ်ထားတဲ့ third-party apps တွေကြောင့် ဖြစ်နိုင်ပါတယ်။

Apps တွေကို Disable လုပ်ထားပေမယ့် Uninstall လုပ်လို့ ရပါတယ်။ ပုံမှန်အတိုင်းပဲ Settings ကိုသွားပြီး Apps ကိုနှိပ်ပါ။ ပြဿနာဖြစ်စေတယ်လို့ ထင်ရတဲ့ Apps တွေကို Uninstall လုပ်ပါ။ မကြာမီ ကသွင်းထားတဲ့ Apps တွေက ပြဿနာ ဖြစ်စေတဲ့ Apps တွေဖြစ်နိုင်ပါတယ်။ အဲဒီအတွက် မကြာမီ ကသွင်းထားတဲ့ Apps တွေကို အရင်ဆုံး Uninstall လုပ်သင့်ပါတယ်။

ပြီးရင်တော့ Power ကိုပိတ်ပါ။ Power ကို ပြန်ဖွင့်ပြီး Normal Mode ကိုပြန်သွားပါ။ ဖြုတ်လိုက်တဲ့ Apps တွေကို တစ်ခုချင်းစီ ပြန်သွင်းပြီး စောင့်ကြည့်ပါ။ ဘယ် App ကပြ ဿနာဖြစ်စေတာလဲဆိုတာကို ဒီနည်းနဲ့  ရှာဖွေပါ။

သင့်ရဲ့ ပြဿနာ ဟာ Apps တွေကြောင့်မဟုတ်ဘဲ တစ်ခြား ကြီးကြီးမားမား အကြောင်း အရာတွေကြောင့်ဆိုရင်တော့ သင့်ဖုန်း ရဲ့ Factory Default Settings ကို Restore လုပ်သင့်ပါတယ်။ သင့်ရဲ့  ဒေတာ တွေအားလုံး ဖျက်ပစ်မှာကိုတော့ သတိပြုပါ။ အဲဒီ အ တွက် Backup လုပ်ထားသင့်ပါတယ်။ Apps တွေအားလုံးကိုလည်း ပြန်ပြီး Install လုပ်ရမှာပါ။ Factory Default Settings ကို Reset လုပ်ဖို့ အတွက် Settings ထဲကို သွားပြီး Backup & Reset ကိုနှိပ်ပါ။ Factory Data Reset ကိုနှိပ်ပါ။ ပြီးရင် ညွှန်ကြား ချက်တွေအတိုင်းဆက်လုပ်သွားပါ။

Credit:အိုင်တီလမ်းညွှန်


One Response so far.

  1. Las Vegas casino, hotel, free WiFi, parking - Dr.MCD
    Casino near 충주 출장마사지 me. 서울특별 출장안마 Location: Near me. Distance to airport: 4.3 km. No. of rooms: 원주 출장샵 1500. No. 의왕 출장안마 of rooms: 1500. No. of rooms: 파주 출장마사지 2,200. No. of rooms: 3,100. Rating: 3.3 · ‎1,425 reviews

Leave a Reply

အပေါ်သို့