Romeo

.

.
မင်္ဂလာပါခင်ဗျားးး ခုလိုလာရောက်အားပေးတဲ့အတွက် ရိုမီယို(ရှာဖွေလေ့လာနည်းပညာ)} ဘလော့ဆိုဒ်မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ ကျွန်တော်ဘလော့ဆိုဒ်မှ ပို့စ်များအား မြန်မာ IT နည်းပညာတိုးတက်ရေးအတွက် မည်သူမဆို ပြန်လည်မျှဝေခွင့်ရှိပါတယ်ခင်ဗျား လာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ ညီအစ်ကိုမောင်နှမ အားလုံး ပျော်ရွှင်သောနေ့သစ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ ရန်ကုန် ယုဇနဥယာဉ်မြို့ေ​​​တာ်​​ph09781637230.email.romeo@basicittoshare.com

Computerမှာဖိုင်ကိုအလွယ်ကူးနည်း

Computer မှ ဖိုင်များကို စမတ်ဖုန်းကနေ ကြိုးမဲ့ ရယူနည်း
=======================================
သင့်ရဲ့ စမတ်ဖုန်းကနေ ကွန်ပြူတာမှ ဖိုင်များကို ကြိုးမဲ့ နည်းလမ်းဖြင့် ရယူနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ သင့်ကွန်ပြူတာမှာ Software များထည့်သွင်းစရာလည်း မလိုပါဘူး။ Android Phone မှာတော့ ES File Explorer ကို ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုရင် ကြီးမားတဲ့ ဖိုင်များကိုတောင် လျှင်မြန်စွာ ရယူနိုင်မှာ ဖြစ်ပါတယ်။
သင့်ရဲ့ ကွန်ပြူတာနဲ့ စမတ်ဖုန်းကို တူညီတဲ့ WiFi Network တစ်ခုထဲမှာ ချိတ်ဆက်ထားဖို့ လိုပါတယ်။
သင့်ကွန်ပြူတာမှ Share လုပ်ချင်တဲ့ Hard Drive သို့မဟုတ် ဖိုဒါအပေါ်မှာ Right Click နှိပ်ပြီး အောက်ပါလမ်းကြောင်းအတိုင်းသွားပါ။
Properties > Sharing>Advanced sharing >share this folder

Share this folder မှာ အမှန်ခြစ်ပေးပြီး Apply ကို နှိပ်ပါ။ Ok ကို နှိပ်ပါ။
သင့်ဖုန်းမှ ES File Explorer ကို ဖွင့်ပြီး ဘယ်ဘက်အပေါ်ထောင့်မှ Menu ကို နှိပ်ပြီး LAN ထဲသွားပါ။
Scan ခလုတ်ကို နှိပ်ရင် သင့်ကွန်ပြူတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Username, Password ထည့်ပေးပြီးရင် သင့်ကွန်ပြူတာမှ မျှဝေထားတဲ့ Hard Drive or Folder ကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
ဖိုဒါတစ်ခုကို ဖိထားပြီး ကော်ပီလုပ်ပါ။ Cut လည်းပြုလုပ်နိုင်ပါတယ်။
သင့်စမတ်ဖုန်းမှာ သိမ်းချင်တဲ့ နေရာကို သွားပြီး Paste လုပ်ပါ။ ဒါဆိုရင် သင့်ကွန်ပြူတာမှ ဖိုင်ကို စမတ်ဖုန်းကနေ ရယူနေပါပြီ။ သင့် WiFi လိုင်းရဲ့ အမြန်နှုန်းနဲ့ ဖိုင်အရွယ်အစားအပေါ်မူတည်ပြီး အချိန်ကြာမြင့်မှာ ဖြစ်ပါတယ်။ပုံနဲ့ပြပေးထားပါတယ်။

ဒါကတော့လိုအပ်တဲ့Es file Explorer>>>DOWNLOAD

Credit:Myanmar Digital Life Journal









Leave a Reply

အပေါ်သို့