Romeo

.

.
မင်္ဂလာပါခင်ဗျားးး ခုလိုလာရောက်အားပေးတဲ့အတွက် ရိုမီယို(ရှာဖွေလေ့လာနည်းပညာ)} ဘလော့ဆိုဒ်မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ ကျွန်တော်ဘလော့ဆိုဒ်မှ ပို့စ်များအား မြန်မာ IT နည်းပညာတိုးတက်ရေးအတွက် မည်သူမဆို ပြန်လည်မျှဝေခွင့်ရှိပါတယ်ခင်ဗျား လာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ ညီအစ်ကိုမောင်နှမ အားလုံး ပျော်ရွှင်သောနေ့သစ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ ရန်ကုန် ယုဇနဥယာဉ်မြို့ေ​​​တာ်​​ph09781637230.email.romeo@basicittoshare.com

စာရင်းကိုင်နည်း (မြန်မာဘာသာပြန်)

ဒီစာအုပ်လေးက  ကွန်ပျုတာ နဲ့  စာရင်းကိုင် လုပ်နေသူတွေအတွက်၊ အလုပ်ရှာသူ

စာရင်းကိုင်နည်း  စာရင်းအင်းအကြောင်း  သိလိုသူတွေအတွက်    ဗဟုသုတဖြစ်ဖို့ 

လေ့လာစေဖို့ ပါ။ အလုပ်ရှာနေသူတွေအတွက်လည်း  ဒီစာအုပ်ဖတ်ထားရင် သိနိုင်

ဖြေနိုင်မယ့် အင်တာဗျူး မေးခွန်းတွေအတွက် အထောက်ကူ ပြုနိုင်ပါတယ်။စာရင်း

ဇယားကလွယ်ပေမယ့်    စာရင်းဖော်မျူလာအတွက်ဆို  သင်တန်းတက်ရင်တက်မှ

မဟုတ်ရင်လည်း စီးပွားရေး တက္ကသိုလ် ( B.Commerce) ဘွဲ့ တွေဆိုရင် ဒီနည်းကို

နားလည်ပီးဖြစ်ပါလိမ့်မယ်။  မဟုတ်ရင်လည်း LCCI သမားတွေသာ ဖော်မျူလာကို

နည်းလည်ပါလိမ့်မယ်၊ ဆော့ဝဲဆိုတာက နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ အလုပ်တစ်ခုနဲ့ 

တစ်ခု မတူပါဘူး ဆော့ဝဲမတူရင် အသုံးပြုပုံမတူဘူး သို့ သော် စာရင်းအင်းသဘော

ဖော်မျူလာက တူတယ် မကွာခြားဘူး ။ ဥပမာ ဘယ်အလုပ်မှာမဆို profit &loss ကို

Sale ထဲကနေ Cost of goods sold ကိုနုတ် Gross Profit ရ ၊ income ဆိုပေါင်း

Expenses ကို နုတ် Net Profit ရမယ်။ဒီသဘောဟာ နိုင်ငံအားလုံး သဘော အတူတူ

ဖော်မျူလာတူတယ်၊ အဲ့တော့ ဒီစာအုပ်ကို ဖတ်ရင်  စာရင်းသွင်းနည်းတွေကို မှတ်ပီး

ဖော်မျိုလာကိုလည်း သဘောပေါက်အောင် ကြည့်သင့်တယ် ဒီစာအုပ်မှာ သုံးတဲ့နည်း

သွင်းတဲ့နည်းက Peachthree Accounting ဆော့ဝဲကို အခြေခံတယ် မြန်မာပြည်က

လူတွေ အလုပ်မှာသုံးနေတဲ့ ဆော့ဝဲတူဆိုရင် ပိုပြီး အဆင်ပြေပါလိမ့်မယ်၊ အခုမှစ

အခုမှသင်တဲ့သူတွေက ဖော်မျိုလာပိုင်း နားလည်ရမယ် ။သို့ သော် တကယ် သိဖို့ က

တကယ်လေ့လာရမယ် ဒီဟာက အလုပ်ကောင်းကောင်းရမယ့် နည်းတွေပဲ လစာက

မက်လောက်စရာနော်။စာရင်းကိုင် လုပ်မယ်ဆို ဒါတွေလေ့လာကြည့်ပါ ကျနော်တို့ 

ကျောင်းမှာ ဒါတွေသင်ခဲ့ဖူးတယ် LCCI ထပ်တက်ဖို့ မလိုဘူး ဒါပေမယ့် အခုလုပ်နေ

လေ့လာနေတာနဲ့ က စာရင်းကိုင် သီးသန့် အလုပ်မဟုတ်ပါဘူး ။အဆင်ပြေပါစေဗျိုး

လေ့လာလိုသူများ အအောက်ကလင့်မှာ ယူပြီး သေချာဖတ်ကြည့်လိုက်ကြပါ........။

ကျနော် အလုပ်ကတော့ စာရင်းအင်းနဲ့ နဲနဲပဲဆိုင်တယ် နည်းပညာပဲ ၀ါသနာပါတယ်

စာရင်းကိုင်တော့ မလုပ်ချင်ဘူး မသိလို့  အမှတ်မမှီလို့ စီးပွားရေးတက္ကသိုလ်သွားပီး

တက်မိတာ တကယ်ဆို LCCI တက်ရင် စာရင်အင်းပိုင်း နိုင်ပါတယ် ။ဒါကတော့အကြံ

လေ့လာတယ်ဆိုတာ မမှားပါဘူး ။  သေချာဖတ်ပီး သဘောပေါက်အောင်လေ့လာပါ။

Credit:စွယ်စုံကျမ်း




Leave a Reply

အပေါ်သို့