MPT Sim Card
Telenor / Ooredoo Card တွေ သုံးချင်သော်လည်း ဟိုးယခင်တည်းက ကိုင်လာသည့် MPT လေး ထုတ်ထား၍ မဖြစ်။ မိမိမိတ်ဆွေ သူငယ်ချင်း တွေက MPT ပဲ သိတာ များကြတယ်လေ။ ခက်တာက ကျွန်တော့်လို Sim Card တစ်ခုတည်း ပါသည့် ဖုန်းများမှာ ဒုက္ခ ရောက်ရော။ တခြားကဒ်လည်း သုံးချင် MPT လည်း ထုတ်ထားလို့ မဖြစ်၊ အဝင် Call လေးတော့ လက်ခံချင်သေးသည်။ ယခုတော့ နည်းပညာ Group တစ်ခုမှာ တင်ထားသည့် နည်းလမ်းလေး တွေ့ပါပြီ။ စမ်းကြည့်တာ အဆင်လည်း ပြေသည်မို့ ပြန်လည် Share လိုက်ပါတယ်။ မူရင်း ဆရာကို Credit ပေးပါသည်။
(၁) ထုတ်ထားပြီး အဝင် Call သာ လက်ခံချင်
သည့် MPT Card ကိုထည့်ပါ။
(၂) 1331 သို CF ဟု ရေးပြီး SMS ပို့ပါ။
(၃) MPT မှာ စာပြန်လာလျှင် ဖုန်းကို Restart /
Reboot လုပ်ပါ။
(၄) Call Setting ကိုသွားပါ ၊ Call Forwarding
ထဲဝင်ပါ။ ဖုန်းထဲ အမြဲထည့်သုံးမည့်
Telenor/ Ooredoo နံပါတ်ထည့်ပါ ၊ Enable နှိပ်ပါ။
(၅) OK ပါပြီ ၊ Power ပိတ်ပြီး MPT Card ထုတ်။ ခုန ထည့်ထားတဲ့ နံပါတ် Telenor / Ooredoo Card ထည့်သုံးလို့ရပါပြီ။ MPT Card က အပြင်ထုတ်ထားပေမယ့် အဝင် Call လက်ခံနိုင် ပါပြီ ခင်ဗျာ။ Sim Card နှစ်ပေါက်နဲ့ စက်က Sim သုံးခု ၊ Sim ၁ပေါက်တည်း ပါတဲ့စက်က Sim နှစ်ခု သုံးလို့ရပါပြီ။ အဆင်ပြေကြပါစေ။